Sunday 4 November 2012

ဖွဲသိခဲ့ သောချစ်ခြင်း

ရင်မှပေါက်ဖွား
ချစ်ပန်းတပွင့်အား
သူ သိစေဖို့ငှာ
မလန်းဝံ ၊ မငံ့ဝံ
သြော် တရာသီ လွန်ခဲ့ပြီ ။
နှလုံးသားဖြင့် ခံစား
ကဗျာပန်းချီအား
သူ မြင်စေဖို့ငှာ
မှုံးခြယ်ဖွဲ့သီ
သြော် မိုးညတွေဆက်ကုန်ပြီ ။
မျှော်လင့်စောင့်စား
ချစ်ခြင်းတရားအား
သူ ငဲ့စေဖို့ငှာ
နှလုံးသား မှတပါး
သြော် အခြားမရှိပြီ ။

No comments:

Post a Comment