မေတ္တာငက်နေတာမဟုတ်ပါဘူး
မေတ္တာပေးနေသူတွေ အများကြီးထည်းက
နင့်တစ်ယောက်တည်းရဲ့မေတ္တာကို ငါလိုအပ်တာ
အချစ်ရဲ့ကျေးကျွန် မဟုတ်ပါဘူး
ငါ့နှလုံးသားရဲ့ဆန္ဒအရ နင့်ရှေ့ ဒူးထောက်ခဲ့တာ
အတ္တ္တနဲ့ပျော်မွေ့သူမဟုတ်ပါဘူး
နင့်ကိုဆုံးရှုံးမှာကြောက်လို့ တစ်ခါတစ်လေ
အတ္တ္တကြီးခဲ့တာ....
အခုတော့ငါသိလိုက်ပြီ....
အချစ်ဆိုတာ နှလုံးသားချင်းမနီးစပ်ရင်
ဘယ်လောက်နီးနီး အမြဲဝေးနေတက်တယ်
နင်ဟာငါ့နှလုံးသားပါ.....ဒါပေမယ့်လေညှင်းလေးပေါ့
ရှုပ်တရက်ရိုက်ခက်လာပြီးမှ အဝေးကိုလွင့်ပျယ်သွားတာ
ဘယ်တော့ဖမ်းဆုပ်လို့ မရခဲ့ဘူး
ဘယ်တော့မှဖမ်းဆုပ်ဖို့လည်းမကြိုးစားတော့ဘူး
လိုရာအရပ်ကိုခရီးဆက်ပါ
တခဏနာတာ အေးမြစေတဲ့လေညှင်း
ထာဝရမှမဟုတ်ပဲလေ.....
ငါမမျှော်လင့်တော့ပါဘူး.....
No comments:
Post a Comment