Sunday 4 November 2012

ရည်စူးမဲ့ ကာရံ

လှစ်ဟပြခွင့် မရှိတဲ့
အိမ်မက်တခု တမ်းချင်းမှာ
ညနက်နက်တွေမလိုတော့ပါဘူး
မ လို တော့ ပါ ဘူး။
တောင်းဆိုခွင့် မရှိတဲ့
နှလုံးသားတခု ဆန္ဒမှာ
စကားလုံးလှလှတွေ မလိုတော့ပါဘူး
မ လို တော့ ပါ ဘူး။
နီးစပ်ခွင့် မရှိတဲ့
ဘ၀တခု အဆုံးမှာ
အလွမ်းပြင်းပြင်းတွေ မလိုတော့ပါဘူး
မ လို တော့ ပါ ဘူး။
ရည်စူးခွင့်မရှိတဲ့
ကဗျာတစ်ပုဒ် ကာရံမှာ
ကကြိုးလှလှတွေ မလိုတော့ပါဘူး
မ လို တော့ ပါ ဘူး ။

No comments:

Post a Comment