Saturday 10 November 2012

စွန့် လွှတ်မှု့ အကြောင်း

အတုံ့အလှည့် လို့ မစွတ်စွဲပါနဲ့
အသွားအပြန်ပါဟာ
အတုံ့ အလှည့်ဆိုရအောင်
ငါဘယ်တုန်းက အနိုင်ယူခဲ့ဘူးလို့ လည်း
နင်ကြားဖူးမှာပေါ့မေတ္တာဆိုတာ
ရောင်ပြန်ဟတ်တယ်တဲ့
ငါဟတ်ခဲ့တဲ့ မေတ္တာအရောင်တွေကို
နင်မှမယူတက်ခဲ့တာ
တန်ဖိုးထားတယ်ဆိုတာ
ဝေးသွားမှ မဟုတ်ဘူး
အနီးမှာတည်းက ဂရုစိုက်ခဲ့သင့်တာ
ငါထားခဲ့တာမဟုတ်ဘူး
နင် မလိုအပ်တော့လို့  ရှောင်ပေးခဲ့တာပါ
မျက်ရည်တွေနဲ့ ငါ့ရှေ့ ခေါင်းငုံ့မထားပါနဲ့
ငါပြန်မလာတော့တာ မာနတွေကြောင့်မဟုတ်ဘူး
ဆုံးရှုံးဘူးတဲ့ငါ့အချစ်တွေကို
ကုစားရင်း နှလုံးသားထည်းကနင့်ကို
အပြီးအပိုင် စွန့်လွှတ်ပြီးပြီမို့ ပါ....

No comments:

Post a Comment