Saturday 10 November 2012

အနက်ရောင်အိပ်မက်များ

လွမ်းမောခြင်းများ
ရေပြင်ညီ ညှိရင်း
နေ့ တစ်နေ့ ဟာ
မြစ်တစ်စင်းထဲ ခုန်ချသွားသလို

လ မဲ့ ညများ
ကြယ် ပုန်း ညဥ့်များ
တိတ်ဆိတ်မှု တစ္ဆေ၇ဲ့ ခြောက်လှန့်မှု

နတ်ဘုရားတို့ ရေ
ဘယ်ဆီကို ခရီးလွန်နေသလဲ
အိပ်မက်တစ်ပုဒ်နဲ့ ပဲ
ဘ၀က အမှောင်ကျပြီးဆုံးတော့မယ်

အလည်လွန်အတွေးစများကို
ပြန်လည် ရုတ်သိမ်းပေးလှည့်ပါတော့
ညတာများရှည်လွန်း တာ
ဟောဒီ
မြို့ လေးအတွက်
သိပ်မကောင်းလှဘူး.။

No comments:

Post a Comment