Saturday, 9 February 2013
ဟာသဟာစု
Gtalkထဲကကြူသူများဖတ်တီးပုတ်နဲ့ တိုးပါစေ မပြောပဲနဲ့ Blockလုပ်Gtalkဗိုင်းရပ်ကိုက်ပါစေ နှုတ်ဆက်တာကိုစာမပြန် ရုပ်ဆိုးမကြီးဖြစ်ပါစေ မာနကြီးသောမမမျာှးုငှင်ပျောတုံးနဲ့ ညားပါစေ Busyနေတယ်ပြောသူများ အလုပ်ပိပြီးပြားပါစေ ASLလိမ်...ညာသူများပါးစပ်ဝဲလဲပေါက်ပါစေ မိန်းကလေးယောင်ဆောင်ChatသူများGayစစ်စစ်ကြီးဖြစ်ပါစေ Onlineပေါ်ကငါ့ချစ်သူချမ်းသာကိုယ်စိတ်မြဲပါစေ
ဗယ်လင်တိုင်းဒေး အီးမေးလ်တစ်စောင်
သူနဲ့သူမဟာ အီးမေးလ်တွေ အပြန်အလှန်ပို့ရင်း ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်..
စိတ်ကူးကောင်းတဲ့သူက သူမ သူ့ဆီကို အီးမေးလ်ပို့ရင် ချက်ချင်း ပြန်ဖတ်လို့ ရအောင် Auto Reply မှာ စာလေး တွေ ရိုက်ပေးထားတဲ့ အကျင့်ရှိပါသတဲ့။
“ အချစ်ရေ၊ မင်းကို မောင် အရမ်းချစ်တယ်၊ ဘ၀ဆက်တိုင်း မင်းကို ချစ်နေမှာပါ၊ မောင်တို့ တစ်နေ့မှာ အတူနေကြမယ် “ ဆိုတဲ့ စာသားလေးတွေကို ရိုက်ထားတတ်တာမို့ သူမ သူ့ဆီကို အီးမေးလ်ပို့ လိုက်တိုင်း အရမ်းသဘောကျခဲ့ပါတယ်။
နှစ်စဉ် ဗယ်လင်တိုင်းဒေး ရောက်တိုင်း အဲဒီစာသားလေးတွေရဲ့ အောက်မှာ Happy Valentine ချစ်သူ ဆိုတဲ့ စာသားလေး ပါနေကျ အီးမေးလ် တစ်စောင်တော့ သူမ အမြဲရတတ်ခဲ့ပါတယ်။
နှစ်ယောက် အတူဆုံတွေ့ ဖြစ်တဲ့ အချိန်တိုင်းမှာလဲ သူမက သူ့ဆီကို အီးမေးလ်ပို့ပြီး ပြန်လာတဲ့ စာလေးကို ပြပြီး သူမ ဘယ်လောက် နှစ်သက်ကြောင်း အမြဲ ပြောဖြစ်ခဲ့ပါတယ်။
ကံတရားရဲ့ ရက်စက်မှုကြောင့် သူဟာ လွန်ခဲ့တဲ့ ၃ လလောက်က တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ပါတယ်။
သူမ အတွက် ကမ္ဘာပျက်မတတ် ၀မ်းနည်းခဲ့ရပေမယ့် ညစဉ်တိုင်းမှာ သူမ သူ့ဆီကို အီးမေးလ် လေးတွေ ပို့ရင်း “ အချစ်ရေ၊ မင်းကို မောင် အရမ်းချစ်တယ်၊ ဘ၀ဆက်တိုင်း မင်းကို ချစ်နေမှာပါ၊ မောင်တို့ တစ်နေ့မှာ အတူနေ ကြမယ် “ ဆိုတဲ့ စာသားလေးကို ဖတ်ပြီး ငိုနေခဲ့ပါသတဲ့။
အခုဆိုရင် ဗယ်လင်တိုင်းဒေး ကိုရောက်တော့မယ်။ သူမလည်း ညတိုင်း အီးမေးလ်တွေ ပို့နေခဲ့ပါတယ်။
သူမ အရမ်းမျှော်လင့်နေပါတယ်။ ဒီလာမယ့် ဗယ်လင်တိုင်းဒေးမှာ သူ့ဆီက ပြန်လာတဲ့ အီးမေးလ်မှာ Happy Valentine ချစ်သူ ဆိုတဲ့ စာသားလေးကို မြင်ရဖို့ပါ။
Oppositeyes
Sunday, 3 February 2013
အာဇာနည်ဖခင်မွေးနေ့ 
သူ
ဆေးလိပ်တစ်တိုနဲ့
ခပ်လျိုလျိုနေခဲ့ဖူးတယ်
သူ့ အပြော
အဆင်မချောပေမယ့်
စေတနာဇောပြည့်ခဲ့တယ်
သူ့ အကြံ
ကြီးပွားရန်မဟုတ်
လွတ်လပ်ရန်သာ ဖြစ်တယ်
သူ့ ခွန်အား
မိသားစုအတွက်မပါ
တိုင်းပြည်ကောင်းရန်သာဖြစ်တယ်
သူ့ အချစ်
စိတ်တွေကိုနှစ်လို့ 
ပြည်သူ့ အတွက်ဖြစ်ခဲ့တယ်
သူ့ ဘဝ
သက်တမ်းတိုလှပေမယ့် 
တန်ဖိုးဖြတ်မရခဲ့တယ်
သူဆိုပါသည်
တို့ တိုင်းပြည်၏
အဖိုးအနဂ္ဂ
ဖြတ်မရသည်.
တိုင်းပြည်အားအင်
ရှင်သခင်မို့ 
ရာသီတွေပြောင်း
နှစ်တွေဟောင်းစေ
မမေ့နိုင်သော
မေ့မရသော
မမေ့သင့်သော
ချစ်သောဖခင်
မွေးနေ့ ရှင်တွက်
လေးနက်ထွတ်မြတ်
ဂုဏ်ပြုအပ်သည်
၉၈နှစ်တိုင်ခဲ့ပြီ။။။။။
-----------------------------------------
Friday, 25 January 2013
Gtalk Skin အလန်းဇယားများ
မင်္ဂလာပါနော်
သူငယ်ချင်းတို့ ရေအလုပ်တွေများနေလို့ အရှုတ်တွေကြားကနေအသစ်ဆန်းလေးတွေ့ လို့ မိတ်ဆက်ပေးလိုက်တယ်G Talk သုံးသူတွေအတွက်ပါ G Talk Skin အလန်းလေးတွေထွက်လို့ တင်ပေးလိုက်ပါတယ်
သဘောကျတယ်ဆိုရင် အောက်မှာယူသွားလိုက်ပါ
Blue
mCm talk
Gtalk Theme
ဒါကတော့မသိသေးတဲ့သူငယ်ချင်းတွေအတွက်ပါ ဒီဆိုဒ်ကိုအခုဝင်တဲ့သူငယ်ချင်း ဒါမှမဟုတ် Gtalk ကို
အခုမှစသုံးမဲ့သူငယ်ချင်းများအတွက်ပါ gtalk အသစ်ဆက်ဆက်လေးပါ သဘောကျတယ်ဆိုရင်အောက်မှာဒေါင်း
ယူသွားလိုက်ပါ
Download
ဒေါင်းလုပ် လေးကိုနှိပ်ပြီးတာနဲ့ခဏစောင့်ပါ ဒေါင်းရမဲ့ဖိုင်တက်လာပါလိမ့်မယ်
ဒီ Gtalk ထဲမှာလည်း Theme တွေအများကြီးပါတယ်နော် အောက်ကပုံလေးကိုကြည့်လိုက်ပါ လက်ညှိုးထိုးထား
တဲ့ လေးထောင့်အကွက်လေးကို နှိပ်လိုက်တာနဲ့ ဘောက်စ်လေးတခုထွက်လာပါလိမ့်မယ်

စိတ်ကြိုက် ပုံစံလေးတွေပြောင်းလို့ရပါပြီနော်
နောက်တခု Gtalk Skin Theme လေးတွေပါ
ဒီလိုပုံစံလေးတွေပေါ့

ဒီနေရာကို သွားကြည့်လိုက်ရအောင်
သဘောကျတယ်ဆိုရင် အောက်မှာယူသွားလိုက်ပါ
Gtalk Themeဒါကတော့မသိသေးတဲ့သူငယ်ချင်းတွေအတွက်ပါ ဒီဆိုဒ်ကိုအခုဝင်တဲ့သူငယ်ချင်း ဒါမှမဟုတ် Gtalk ကို
အခုမှစသုံးမဲ့သူငယ်ချင်းများအတွက်ပါ gtalk အသစ်ဆက်ဆက်လေးပါ သဘောကျတယ်ဆိုရင်အောက်မှာဒေါင်း
ယူသွားလိုက်ပါ
ဒေါင်းလုပ် လေးကိုနှိပ်ပြီးတာနဲ့ခဏစောင့်ပါ ဒေါင်းရမဲ့ဖိုင်တက်လာပါလိမ့်မယ်
ဒီ Gtalk ထဲမှာလည်း Theme တွေအများကြီးပါတယ်နော် အောက်ကပုံလေးကိုကြည့်လိုက်ပါ လက်ညှိုးထိုးထား
တဲ့ လေးထောင့်အကွက်လေးကို နှိပ်လိုက်တာနဲ့ ဘောက်စ်လေးတခုထွက်လာပါလိမ့်မယ်
စိတ်ကြိုက် ပုံစံလေးတွေပြောင်းလို့ရပါပြီနော်
နောက်တခု Gtalk Skin Theme လေးတွေပါ
ဒီလိုပုံစံလေးတွေပေါ့
ဒီနေရာကို သွားကြည့်လိုက်ရအောင်
အီတာလျှံ
အိမ်ထောင်ရှိ လူကုံထံတစ်ယောက်ဟာ အီတလီ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်နေကြတာ
နှစ်အနည်းငယ် ကြာသွားပြီ ဖြစ်တယ်။
တစ်ညမှာတော့ သူတို့ ချိန်းတွေ့နေကြ နေရာမှာ ဆုံကြတဲ့အခိုက် အမျိုးသမီးက သူ့မှာ ကိုယ်ဝန်ရှိနေပြီလို့အမျိုးသားကို ဖွင့်ပြောပြလိုက်တယ်။
အမျိုးသား ဖြစ်သူက သူ့ရဲ့ ဂုဏ်သိက္ခာ ကျမှာကိုရော၊ သူ့အိမ်ထောင်ရေး ပျက်စီးမှာကိုရော စိုးရိမ်ပြီး အကယ်လို့ ကလေးကို အီတလီမှာသာ သွားမွေးပေးမယ်ဆိုရင် ငွေတွေတစ်ပုံကြီး ပေးမယ်လို့ ပြောတယ်။ တကယ်လို့ အီတလီမှာဘဲ ဆက်ပြီးနေသွားမယ် ဆိုရင်တော့ မွေးလာတဲ့ ကလေး အသက် ၁၈နှစ် မပြည့်မချင်း အမျိုးသမီးကို ထောက်ပံ့သွားမယ်လို့ အမျိုးသား က ပြောတယ်။
အမျိုးသမီးကလည်း သဘောတူတယ်။ ဒါပေမယ့် သူ ကလေးမွေးလာရင် အမျိုးသား သိအောင် ဘယ်လို အကြောင်းကြားရမလည်းလို့ မေးကြည့်မိတယ်။ အဲ့ဒီအခါ အမျိုးသား က ဒီကိစ္စဟာ သိုသိုသိပ်သိပ်ရှိရမယ်။ သူ့ကို စာတိုက်ကနေ ပို့စ်ကဒ်တစ်ခု ပို့လိုက်ပြီး ကဒ်နောက်ကျောဘက်မှာ ” အီတာလျှံခေါက်ဆွဲ ” လို့သာ စကားဝှက် ရေးပေးလိုက်။ ဒါဆိုသူလည်း ကလေးမွေးပြီ ဆိုတာ သိပြီး ကလေးအတွက်လိုအပ်တဲ့ စရိတ်စကတွေ ထောက်ပံ့ဖို့ စီစဉ်ပေးသွားမယ် …လို့ပြောတယ်။
ကိုးလခန့် ကြာပြီး တစ်နေ့မှာတော့ အဲ့ဒီအမျိုးသား အိမ်ပြန်လာတဲ့ အခါ စိတ်ရှုပ်နေတဲ့ ပုံပေါက်နေတဲ့ သူ့ရဲ့မိန်းမကို တွေ့လိုက်ရတယ်။
” အစ်ကိုရေ.. ဒီမှာ အစ်ကို့နာမည်နဲ့ အရမ်းကို ထူးဆန်းတဲ့ ပို့စ်ကဒ် တစ်စောင် ရောက် လာတယ် “
” ဟေ..ဟုတ်လား၊ ဒီကိုပေး၊ နောက်မှ ကိုယ်.. မင်းကို ရှင်းပြတော့မယ် ” လို့ အမျိုးသား လုပ်သူက အလောသုံးဆယ် ပြောလိုက်တယ်။
မိန်းမလုပ်သူက ပို့စ်ကဒ်ကို လှမ်းပေးလိုက်တယ်။ ပြီးတော့ သူ့ယောကျာင်္း ဖတ်နေတာကို စောင့်ကြည့် နေတော့တာပေါ့။ ပို့စ်ကဒ်ကို ဖတ်ပြီးတာနဲ့ အမျိုးသားခမျာ မျက်စေ့မျက် နှာ ပျက်လာပြီး ခေါင်းထဲ မူးဝေလာကာ ယိုင်လဲတော့မလို ဖြစ်သွားရတယ်။
ပို့စ်ကဒ်ထဲမှာ ရေးထားတာကတော့…
” အီတာလျှံခေါက်ဆွဲ အီတာလျှံခေါက်ဆွဲ အီတာလျှံခေါက်ဆွဲ ”
” အသားလုံးနဲ့နှစ်ပွဲ၊ အသားလုံးမပါတာက တစ်ပွဲ

Wednesday, 23 January 2013
Laptop တစ်လုံးပျောက်ဆုံးသွားခဲ့ရင်+Ph+ Tablet
Laptop ဆိုတာ ပျောက်ဖို့လွယ်ပါ့မလားလို့ မေးစရာရှိပေမဲ့
အကြောင်းအမျိုးမျိုးကြောင့် မေ့ခဲ့ရင် အခိုးခံ ခဲ့ရရင်
နောက်ဆုံး ဗဟုသုတ အနေနဲ့ မှတ်သားလို့ရတာပေါ့
ကြိုတင်ဆောင်ရွက်ထားနိုင်တဲ့ အခမဲ့ ဆောဖ်ဝဲပါ
Prey ဆော့ဝဲဟာ open source ဖြစ်ပြီး စွမ်းဆောင်ရည်
အလွန်ကောင်းပါတယ် အခပေး Software တွေလက်လန်ပါတယ်
Wi-Fi ကိုအလိုအလျောက် ချိတ်ဆက်နိုင်
GPS(or) Wi-Fi ကဖြစ်ဖြစ် Laptop ရဲ့တည်နေရာသိနိုင်ပါတယ်
သုံးနေသူကို Web Cam ကတဆင့် ဖမ်းယူနိုင်ပါတယ်
Data တွေလှမ်းဖျက်လို့ရသလို Computer ကိုဖွင့်မရအောင်
လုပ်ပစ်လို့ရပါတယ်
ဘယ်လိုအခြေအနေ ရောက်ရင် ကိုယ့်Device ပျောက်နေတယ်
ဆိုတာပုံစံချထားတယ်ဆိုပါဆို့။ Prey ကကိုယ်ဆီ Email ပို့ပြီး
သတိပေးပါပြီ။ Device တည်နေရာကိုဖော်ပြပါပြီ။Webcam
အထောက်အပံ့ရရင် လက်ရှိ သုံးနေသူကို Screen Shot ရိုက်ပြီး
ကိုယ့်ဆီပို့ပေးပါလိမ့်မယ်။ခိုး သူ က Facebook သုံးနေရင်သူဘယ်သူဆိုတာတောင်သိနိုင်ပါလိမ့်မယ်။
Prey ဟာ အကောင်ဆုံးတန်းဝင်ပြီး Free ရနိုင်မဲ့ Software
တစ်ခုဖြစ်ကြောင်း ။
For window
http://www.google.as/ url?sa=t&rct=j&q=prey+for+windo w&source=web&cd=1&ved=0CCsQFjA A&url=http%3A%2F%2Fpreyproject .com%2Fdownload&ei=cen_UKeABYS GrAf74oHwDw&usg=AFQjCNFFvcSFd- aKPt1gi394rzfycCCpsA&bvm=bv.41 248874%2Cd.bmk
အသုံးပြုပုံကိုအသေးစိတ်ကြည့်ရှုရ န်
http://preyproject.com/
iOS အတွက်ပါ
http://www.google.as/ url?sa=t&rct=j&q=prey+for+ios&s ource=web&cd=4&ved=0CDgQFjAD&u rl=https%3A%2F%2Fitunes.apple. com%2Fus%2Fapp%2Fprey-anti-the ft%2Fid456755037%3Fmt%3D8&ei=s N__UKjaFsrNrQfqnIDwDQ&usg=AFQj CNEvfpNchlJPv2C40SPLoWKwy5gYqQ &bvm=bv.41248874%2Cd.bmk
For Android
https://www.box.com/shared/ obwnay08i81ct42omv9b
Source. နောင်စိုး
Lin Htet Win
Myanmar IT Group
နိယာမ
နိယာမ
ယောက်ျားလေးတွေ တကယ်ချစ်တဲ့ အခါ ……
လူအများမှာ ကြွားဝါလိုကြတယ်………………..ဒါငါ့ ချစ်သူလို့ ပေါ့ .။
မိန်းကလေးတွေ တကယ်ချစ်တဲ့  အခါ…….
တိတ်တိတ်လေး လက်ကို မြဲမြဲဆုပ်ထားကြတယ်………..ခွဲမသွားနဲ့ လို့ ပေါ့ …။
ယောက်ျားလေးတွေ သတိရတဲ့ အခါ.. ……
မအားလပ်နိုင်တဲ့ ကြားက .ဖုန်းတွေဆက်ကြ၊စာတွေရေးကြတယ်…… ………..
မိန်းကလေးတွေ သတိရတဲ့  အခါ…………….
အလုပ်တွေကြားထဲက စောင့် မျှော်တက်ကြတယ်…..
ယောက်ျားလေးတွေက အချစ်ကို ရူးရူးမိုက်မိုက် မြတ်မြတ်နိုးနိုး တန်ဖိုးထားတက်ကြတယ်
မိန်းကလေးတွေက သိုသို ၀ှက်ဝှက် အိမ်မက်ဆန်ဆန်စိတ်ကူးယဉ်ကြတယ်…… .
ယောက်ျားလေးတွေက ဘာလုပ်ချင်တယ်ဆိုတာ ကို ပြောပြီး
မိန်းကလေးတွေက ဘာဖြစ်သင့် တယ်ဆိုတာ ပြောကြတယ်……..။
ယောက်ျားလေးတွေ အသဲကွဲရင် အရက်က အဖော်ဖြစ်ပြီးတော့ 
မိန်းကလေးတွေ အသဲကွဲရင် မျက်ရည်က သူငယ်ချင်းဖြစ်သွားကြတယ်……….။
ယောက်ျားလေးတွေက အချစ်ကို ရှေ့ တန်းတင်ပြီး သူရဲကောင်းလုပ်ချင်ကြတယ်….
မိန်းကလေးတွေက အချစ်ကို သိုဝှက်ပြီး အိမ်ရှင်မ လုပ်ချင်ကြတယ်………
ယောက်ျားလေးတွေက ချစ်သူ့ကို လက်ထပ်မယ်လို့  တယုတယပြောတဲ့  အချိန်…….
မိန်းကလေးစိတ်ထဲက လေးလေးနက်နက် ပြန်ပြောတာက သစ္စာရှိပါနော်တဲ့ …။
ယောက်ျားလေးတွေ တကယ်ချစ်တဲ့ အခါ ……
လူအများမှာ ကြွားဝါလိုကြတယ်………………..ဒါငါ့ ချစ်သူလို့ ပေါ့ .။
မိန်းကလေးတွေ တကယ်ချစ်တဲ့  အခါ…….
တိတ်တိတ်လေး လက်ကို မြဲမြဲဆုပ်ထားကြတယ်………..ခွဲမသွာ
ယောက်ျားလေးတွေ သတိရတဲ့ အခါ.. ……
မအားလပ်နိုင်တဲ့ ကြားက .ဖုန်းတွေဆက်ကြ၊စာတွေရေးကြတယ်……
မိန်းကလေးတွေ သတိရတဲ့  အခါ…………….
အလုပ်တွေကြားထဲက စောင့် မျှော်တက်ကြတယ်…..
ယောက်ျားလေးတွေက အချစ်ကို ရူးရူးမိုက်မိုက် မြတ်မြတ်နိုးနိုး တန်ဖိုးထားတက်ကြတယ်
မိန်းကလေးတွေက သိုသို ၀ှက်ဝှက် အိမ်မက်ဆန်ဆန်စိတ်ကူးယဉ်ကြတယ်……
ယောက်ျားလေးတွေက ဘာလုပ်ချင်တယ်ဆိုတာ ကို ပြောပြီး
မိန်းကလေးတွေက ဘာဖြစ်သင့် တယ်ဆိုတာ ပြောကြတယ်……..။
ယောက်ျားလေးတွေ အသဲကွဲရင် အရက်က အဖော်ဖြစ်ပြီးတော့ 
မိန်းကလေးတွေ အသဲကွဲရင် မျက်ရည်က သူငယ်ချင်းဖြစ်သွားကြတယ်……….။
ယောက်ျားလေးတွေက အချစ်ကို ရှေ့ တန်းတင်ပြီး သူရဲကောင်းလုပ်ချင်ကြတယ်….
မိန်းကလေးတွေက အချစ်ကို သိုဝှက်ပြီး အိမ်ရှင်မ လုပ်ချင်ကြတယ်………
ယောက်ျားလေးတွေက ချစ်သူ့ကို လက်ထပ်မယ်လို့  တယုတယပြောတဲ့  အချိန်…….
မိန်းကလေးစိတ်ထဲက လေးလေးနက်နက် ပြန်ပြောတာက သစ္စာရှိပါနော်တဲ့ …။
Subscribe to:
Posts (Atom)
-
ာာ ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိ...