Sunday 3 February 2013

အာဇာနည်ဖခင်မွေးနေ့ 

သူ ဆေးလိပ်တစ်တိုနဲ့ ခပ်လျိုလျိုနေခဲ့ဖူးတယ် သူ့ အပြော အဆင်မချောပေမယ့် စေတနာဇောပြည့်ခဲ့တယ် သူ့ အကြံ ကြီးပွားရန်မဟုတ် လွတ်လပ်ရန်သာ ဖြစ်တယ် သူ့ ခွန်အား မိသားစုအတွက်မပါ တိုင်းပြည်ကောင်းရန်သာဖြစ်တယ် သူ့ အချစ် စိတ်တွေကိုနှစ်လို့  ပြည်သူ့ အတွက်ဖြစ်ခဲ့တယ် သူ့ ဘ၀ သက်တမ်းတိုလှပေမယ့်  တန်ဖိုးဖြတ်မရခဲ့တယ် သူဆိုပါသည် တို့ တိုင်းပြည်၏ အဖိုးအနဂ္ဂ ဖြတ်မရသည်. တိုင်းပြည်အားအင် ရှင်သခင်မို့  ရာသီတွေပြောင်း နှစ်တွေဟောင်းစေ မမေ့နိုင်သော မေ့မရသော မမေ့သင့်သော ချစ်သောဖခင် မွေးနေ့ ရှင်တွက် လေးနက်ထွတ်မြတ် ဂုဏ်ပြုအပ်သည် ၉၈နှစ်တိုင်ခဲ့ပြီ။။။။။ -----------------------------------------

No comments:

Post a Comment