Saturday 9 February 2013

ဗယ်လင်တိုင်းဒေး အီးမေးလ်တစ်စောင်

သူနဲ့သူမဟာ အီးမေးလ်တွေ အပြန်အလှန်ပို့ရင်း ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်.. စိတ်ကူးကောင်းတဲ့သူက သူမ သူ့ဆီကို အီးမေးလ်ပို့ရင် ချက်ချင်း ပြန်ဖတ်လို့ ရအောင် Auto Reply မှာ စာလေး တွေ ရိုက်ပေးထားတဲ့ အကျင့်ရှိပါသတဲ့။ “ အချစ်ရေ၊ မင်းကို မောင် အရမ်းချစ်တယ်၊ ဘ၀ဆက်တိုင်း မင်းကို ချစ်နေမှာပါ၊ မောင်တို့ တစ်နေ့မှာ အတူနေကြမယ် “ ဆိုတဲ့ စာသားလေးတွေကို ရိုက်ထားတတ်တာမို့ သူမ သူ့ဆီကို အီးမေးလ်ပို့ လိုက်တိုင်း အရမ်းသဘောကျခဲ့ပါတယ်။ နှစ်စဉ် ဗယ်လင်တိုင်းဒေး ရောက်တိုင်း အဲဒီစာသားလေးတွေရဲ့ အောက်မှာ Happy Valentine ချစ်သူ ဆိုတဲ့ စာသားလေး ပါနေကျ အီးမေးလ် တစ်စောင်တော့ သူမ အမြဲရတတ်ခဲ့ပါတယ်။ နှစ်ယောက် အတူဆုံတွေ့ ဖြစ်တဲ့ အချိန်တိုင်းမှာလဲ သူမက သူ့ဆီကို အီးမေးလ်ပို့ပြီး ပြန်လာတဲ့ စာလေးကို ပြပြီး သူမ ဘယ်လောက် နှစ်သက်ကြောင်း အမြဲ ပြောဖြစ်ခဲ့ပါတယ်။ ကံတရားရဲ့ ရက်စက်မှုကြောင့် သူဟာ လွန်ခဲ့တဲ့ ၃ လလောက်က တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ပါတယ်။ သူမ အတွက် ကမ္ဘာပျက်မတတ် ၀မ်းနည်းခဲ့ရပေမယ့် ညစဉ်တိုင်းမှာ သူမ သူ့ဆီကို အီးမေးလ် လေးတွေ ပို့ရင်း “ အချစ်ရေ၊ မင်းကို မောင် အရမ်းချစ်တယ်၊ ဘ၀ဆက်တိုင်း မင်းကို ချစ်နေမှာပါ၊ မောင်တို့ တစ်နေ့မှာ အတူနေ ကြမယ် “ ဆိုတဲ့ စာသားလေးကို ဖတ်ပြီး ငိုနေခဲ့ပါသတဲ့။ အခုဆိုရင် ဗယ်လင်တိုင်းဒေး ကိုရောက်တော့မယ်။ သူမလည်း ညတိုင်း အီးမေးလ်တွေ ပို့နေခဲ့ပါတယ်။ သူမ အရမ်းမျှော်လင့်နေပါတယ်။ ဒီလာမယ့် ဗယ်လင်တိုင်းဒေးမှာ သူ့ဆီက ပြန်လာတဲ့ အီးမေးလ်မှာ Happy Valentine ချစ်သူ ဆိုတဲ့ စာသားလေးကို မြင်ရဖို့ပါ။ Oppositeyes

No comments:

Post a Comment