Friday 25 January 2013

အီတာလျှံ

အိမ်ထောင်ရှိ လူကုံထံတစ်ယောက်ဟာ အီတလီ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်နေကြတာ နှစ်အနည်းငယ် ကြာသွားပြီ ဖြစ်တယ်။
တစ်ညမှာတော့ သူတို့ ချိန်းတွေ့နေကြ နေရာမှာ ဆုံကြတဲ့အခိုက် အမျိုးသမီးက သူ့မှာ ကိုယ်ဝန်ရှိနေပြီလို့အမျိုးသားကို ဖွင့်ပြောပြလိုက်တယ်။
အမျိုးသား ဖြစ်သူက သူ့ရဲ့ ဂုဏ်သိက္ခာ ကျမှာကိုရော၊ သူ့အိမ်ထောင်ရေး ပျက်စီးမှာကိုရော စိုးရိမ်ပြီး အကယ်လို့ ကလေးကို အီတလီမှာသာ သွားမွေးပေးမယ်ဆိုရင် ငွေတွေတစ်ပုံကြီး ပေးမယ်လို့ ပြောတယ်။ တကယ်လို့ အီတလီမှာဘဲ ဆက်ပြီးနေသွားမယ် ဆိုရင်တော့ မွေးလာတဲ့ ကလေး အသက် ၁၈နှစ် မပြည့်မချင်း အမျိုးသမီးကို ထောက်ပံ့သွားမယ်လို့ အမျိုးသား က ပြောတယ်။
အမျိုးသမီးကလည်း သဘောတူတယ်။ ဒါပေမယ့် သူ ကလေးမွေးလာရင် အမျိုးသား သိအောင် ဘယ်လို အကြောင်းကြားရမလည်းလို့ မေးကြည့်မိတယ်။ အဲ့ဒီအခါ အမျိုးသား က ဒီကိစ္စဟာ သိုသိုသိပ်သိပ်ရှိရမယ်။ သူ့ကို စာတိုက်ကနေ ပို့စ်ကဒ်တစ်ခု ပို့လိုက်ပြီး ကဒ်နောက်ကျောဘက်မှာ ” အီတာလျှံခေါက်ဆွဲ ” လို့သာ စကားဝှက် ရေးပေးလိုက်။ ဒါဆိုသူလည်း ကလေးမွေးပြီ ဆိုတာ သိပြီး ကလေးအတွက်လိုအပ်တဲ့ စရိတ်စကတွေ ထောက်ပံ့ဖို့ စီစဉ်ပေးသွားမယ် …လို့ပြောတယ်။
ကိုးလခန့် ကြာပြီး တစ်နေ့မှာတော့ အဲ့ဒီအမျိုးသား အိမ်ပြန်လာတဲ့ အခါ စိတ်ရှုပ်နေတဲ့ ပုံပေါက်နေတဲ့ သူ့ရဲ့မိန်းမကို တွေ့လိုက်ရတယ်။
” အစ်ကိုရေ.. ဒီမှာ အစ်ကို့နာမည်နဲ့ အရမ်းကို ထူးဆန်းတဲ့ ပို့စ်ကဒ် တစ်စောင် ရောက် လာတယ် “
” ဟေ..ဟုတ်လား၊ ဒီကိုပေး၊ နောက်မှ ကိုယ်.. မင်းကို ရှင်းပြတော့မယ် ” လို့ အမျိုးသား လုပ်သူက အလောသုံးဆယ် ပြောလိုက်တယ်။
မိန်းမလုပ်သူက ပို့စ်ကဒ်ကို လှမ်းပေးလိုက်တယ်။ ပြီးတော့ သူ့ယောကျာင်္း ဖတ်နေတာကို စောင့်ကြည့် နေတော့တာပေါ့။ ပို့စ်ကဒ်ကို ဖတ်ပြီးတာနဲ့ အမျိုးသားခမျာ မျက်စေ့မျက် နှာ ပျက်လာပြီး ခေါင်းထဲ မူးဝေလာကာ ယိုင်လဲတော့မလို ဖြစ်သွားရတယ်။
ပို့စ်ကဒ်ထဲမှာ ရေးထားတာကတော့…
” အီတာလျှံခေါက်ဆွဲ အီတာလျှံခေါက်ဆွဲ အီတာလျှံခေါက်ဆွဲ ”
” အသားလုံးနဲ့နှစ်ပွဲ၊ အသားလုံးမပါတာက တစ်ပွဲ

No comments:

Post a Comment