Wednesday, 20 February 2013
စက်ဘီးဖြင့် ကမ္ဘာတစ်ပတ် ပတ်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိသျှ စုံတွဲ ထိုင်းနိုင်ငံတွင် ကားတိုက် ခံရပြီး သေဆုံး
Wednesday, February 20, 2013
ကမ္ဘာ တစ်ပတ်ကို စက်ဘီးဖြင့် ပတ်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိန် နိုင်ငံမှ စက်ဘီး စီးသမား စုံတွဲ ဖြစ်သော ပီတာရုထ်နှင့် မာရီသွန်ဆန်တို့ စုံတွဲသည် ထိုင်းနိုင်ငံ ဗန်ကောက် ပြည်နယ် အရှေ့ပိုင်းတွင် ယာဉ်တိုက်မှု ကြောင့်
သေဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ စုံတွဲသည် ၎င်းတို့၏ ကမ္ဘာပတ် စက်ဘီးစီး ခရီးစဉ်ကို ၂ဝ၁၁ ခုနှစ် ဇူလိုင်လက စတင်ခဲ့ခြင်း ဖြစ်ပြီး ဥရောပ တစ်ဝန်း၊ အရှေ့ အလယ်ပိုင်း
ဒေသနှင့် တရုတ် နိုင်ငံတို့ကို စက်ဘီးစီး၍ ဖြတ်ကျော် ခဲ့သည်။
ပီတာရုထ်တို့ စုံတွဲသည် ထိုင်းနိုင်ငံ အတွင်းရှိ နာမည်ဆိုးဖြင့်
ကျော်ကြားသည့် လမ်းတစ်ခုတွင် ဖေဖော်ဝါရီ ၁၃ ရက်က ပစ်ကပ်ကား တစ်စီး၏ ဝင်တိုက်မှုကို ခံရပြီး အသက် ဆုံးရှုံး ခဲ့ရခြင်း ဖြစ်ကြောင်း
နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ တယ်လီဂရပ် သတင်း ဌာန က ဖော်ပြခဲ့သည်။
ပီတာတို့ စုံတွဲသည် စက်ဘီးဖြင့် နိုင်ငံပေါင်း ၂၃ နိုင်ငံကို သွားလာခဲ့သည့် ဓာတ်ပုံများနှင့် ဗီဒီယို မှတ်တမ်း များကို ၎င်းတို့၏ ဝက်ဘ်ဆိုက် များတွင် ဖော်ပြခဲ့သည်။
ပီတာရုထ်သည် နယူးဂျာစီ ပြည်နယ်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ဂန်ဆီတွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ မာရီသွန် ဆန်သည် ဘရစ်စတိုလ် မြို့သူ
တစ်ဦး ဖြစ်သည်။
၎င်းတို့ နှစ်ဦးသည် လွန်ခဲ့သည့် ၁၄ နှစ်ခန့်က ကွန်ဝေါလ်ကောင်တီ ဖားမောင့်တ်မြို့ရှိ အနုပညာ ကျောင်း တွင် စတင် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
http://bit.ly/133lD5z
Subscribe to:
Post Comments (Atom)
-
စံဇာဏီဘို ဂဏန်းဗေဒင် _________ ၁ ဂဏန်းသမားများ မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟု ခေါ်သည်။ ၁ ဂဏန်းပိုင်ရှင်မ...
-
သန်းဖေလေး ကောင်းနိုးရာရာတေးသီချင်းများ 3:36 AM | by myintmyat ၁။ ဂီတဗိမာန် ၂။ ချစ်သ...
No comments:
Post a Comment