Friday, 25 January 2013

Gtalk Skin အလန်းဇယားများ

မင်္ဂလာပါနော်
သူငယ်ချင်းတို့ ရေအလုပ်တွေများနေလို့ အရှုတ်တွေကြားကနေအသစ်ဆန်းလေးတွေ့ လို့ မိတ်ဆက်ပေးလိုက်တယ်G Talk သုံးသူတွေအတွက်ပါ G Talk Skin အလန်းလေးတွေထွက်လို့ တင်ပေးလိုက်ပါတယ်
သဘောကျတယ်ဆိုရင် အောက်မှာယူသွားလိုက်ပါ
Blue
mCm talk
Gtalk Theme
ဒါကတော့မသိသေးတဲ့သူငယ်ချင်းတွေအတွက်ပါ ဒီဆိုဒ်ကိုအခုဝင်တဲ့သူငယ်ချင်း ဒါမှမဟုတ် Gtalk ကို
အခုမှစသုံးမဲ့သူငယ်ချင်းများအတွက်ပါ gtalk အသစ်ဆက်ဆက်လေးပါ သဘောကျတယ်ဆိုရင်အောက်မှာဒေါင်း
ယူသွားလိုက်ပါ




Download
ဒေါင်းလုပ် လေးကိုနှိပ်ပြီးတာနဲ့ခဏစောင့်ပါ ဒေါင်းရမဲ့ဖိုင်တက်လာပါလိမ့်မယ်
ဒီ Gtalk ထဲမှာလည်း Theme တွေအများကြီးပါတယ်နော် အောက်ကပုံလေးကိုကြည့်လိုက်ပါ လက်ညှိုးထိုးထား
တဲ့ လေးထောင့်အကွက်လေးကို နှိပ်လိုက်တာနဲ့ ဘောက်စ်လေးတခုထွက်လာပါလိမ့်မယ်


စိတ်ကြိုက် ပုံစံလေးတွေပြောင်းလို့ရပါပြီနော်
နောက်တခု Gtalk Skin Theme လေးတွေပါ 
ဒီလိုပုံစံလေးတွေပေါ့

ဒီနေရာကို သွားကြည့်လိုက်ရအောင်

အီတာလျှံ

အိမ်ထောင်ရှိ လူကုံထံတစ်ယောက်ဟာ အီတလီ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်နေကြတာ နှစ်အနည်းငယ် ကြာသွားပြီ ဖြစ်တယ်။
တစ်ညမှာတော့ သူတို့ ချိန်းတွေ့နေကြ နေရာမှာ ဆုံကြတဲ့အခိုက် အမျိုးသမီးက သူ့မှာ ကိုယ်ဝန်ရှိနေပြီလို့အမျိုးသားကို ဖွင့်ပြောပြလိုက်တယ်။
အမျိုးသား ဖြစ်သူက သူ့ရဲ့ ဂုဏ်သိက္ခာ ကျမှာကိုရော၊ သူ့အိမ်ထောင်ရေး ပျက်စီးမှာကိုရော စိုးရိမ်ပြီး အကယ်လို့ ကလေးကို အီတလီမှာသာ သွားမွေးပေးမယ်ဆိုရင် ငွေတွေတစ်ပုံကြီး ပေးမယ်လို့ ပြောတယ်။ တကယ်လို့ အီတလီမှာဘဲ ဆက်ပြီးနေသွားမယ် ဆိုရင်တော့ မွေးလာတဲ့ ကလေး အသက် ၁၈နှစ် မပြည့်မချင်း အမျိုးသမီးကို ထောက်ပံ့သွားမယ်လို့ အမျိုးသား က ပြောတယ်။
အမျိုးသမီးကလည်း သဘောတူတယ်။ ဒါပေမယ့် သူ ကလေးမွေးလာရင် အမျိုးသား သိအောင် ဘယ်လို အကြောင်းကြားရမလည်းလို့ မေးကြည့်မိတယ်။ အဲ့ဒီအခါ အမျိုးသား က ဒီကိစ္စဟာ သိုသိုသိပ်သိပ်ရှိရမယ်။ သူ့ကို စာတိုက်ကနေ ပို့စ်ကဒ်တစ်ခု ပို့လိုက်ပြီး ကဒ်နောက်ကျောဘက်မှာ ” အီတာလျှံခေါက်ဆွဲ ” လို့သာ စကားဝှက် ရေးပေးလိုက်။ ဒါဆိုသူလည်း ကလေးမွေးပြီ ဆိုတာ သိပြီး ကလေးအတွက်လိုအပ်တဲ့ စရိတ်စကတွေ ထောက်ပံ့ဖို့ စီစဉ်ပေးသွားမယ် …လို့ပြောတယ်။
ကိုးလခန့် ကြာပြီး တစ်နေ့မှာတော့ အဲ့ဒီအမျိုးသား အိမ်ပြန်လာတဲ့ အခါ စိတ်ရှုပ်နေတဲ့ ပုံပေါက်နေတဲ့ သူ့ရဲ့မိန်းမကို တွေ့လိုက်ရတယ်။
” အစ်ကိုရေ.. ဒီမှာ အစ်ကို့နာမည်နဲ့ အရမ်းကို ထူးဆန်းတဲ့ ပို့စ်ကဒ် တစ်စောင် ရောက် လာတယ် “
” ဟေ..ဟုတ်လား၊ ဒီကိုပေး၊ နောက်မှ ကိုယ်.. မင်းကို ရှင်းပြတော့မယ် ” လို့ အမျိုးသား လုပ်သူက အလောသုံးဆယ် ပြောလိုက်တယ်။
မိန်းမလုပ်သူက ပို့စ်ကဒ်ကို လှမ်းပေးလိုက်တယ်။ ပြီးတော့ သူ့ယောကျာင်္း ဖတ်နေတာကို စောင့်ကြည့် နေတော့တာပေါ့။ ပို့စ်ကဒ်ကို ဖတ်ပြီးတာနဲ့ အမျိုးသားခမျာ မျက်စေ့မျက် နှာ ပျက်လာပြီး ခေါင်းထဲ မူးဝေလာကာ ယိုင်လဲတော့မလို ဖြစ်သွားရတယ်။
ပို့စ်ကဒ်ထဲမှာ ရေးထားတာကတော့…
” အီတာလျှံခေါက်ဆွဲ အီတာလျှံခေါက်ဆွဲ အီတာလျှံခေါက်ဆွဲ ”
” အသားလုံးနဲ့နှစ်ပွဲ၊ အသားလုံးမပါတာက တစ်ပွဲ

Wednesday, 23 January 2013

Laptop တစ်လုံးပျောက်ဆုံးသွားခဲ့ရင်+Ph+ Tablet


Laptop ဆိုတာ ပျောက်ဖို့လွယ်ပါ့မလားလို့ မေးစရာရှိပေမဲ့
အကြောင်းအမျိုးမျိုးကြောင့် မေ့ခဲ့ရင် အခိုးခံ ခဲ့ရရင်
နောက်ဆုံး ဗဟုသုတ အနေနဲ့ မှတ်သားလို့ရတာပေါ့

ကြိုတင်ဆောင်ရွက်ထားနိုင်တဲ့ အခမဲ့ ဆောဖ်ဝဲပါ
Prey ဆော့ဝဲဟာ open source ဖြစ်ပြီး စွမ်းဆောင်ရည်
အလွန်ကောင်းပါတယ် အခပေး Software တွေလက်လန်ပါတယ်

Wi-Fi ကိုအလိုအလျောက် ချိတ်ဆက်နိုင်
GPS(or) Wi-Fi ကဖြစ်ဖြစ် Laptop ရဲ့တည်နေရာသိနိုင်ပါတယ်
သုံးနေသူကို Web Cam ကတဆင့် ဖမ်းယူနိုင်ပါတယ်
Data တွေလှမ်းဖျက်လို့ရသလို Computer ကိုဖွင့်မရအောင်
လုပ်ပစ်လို့ရပါတယ်

ဘယ်လိုအခြေအနေ ရောက်ရင် ကိုယ့်Device ပျောက်နေတယ်
ဆိုတာပုံစံချထားတယ်ဆိုပါဆို့။ Prey ကကိုယ်ဆီ Email ပို့ပြီး
သတိပေးပါပြီ။ Device တည်နေရာကိုဖော်ပြပါပြီ။Webcam
အထောက်အပံ့ရရင် လက်ရှိ သုံးနေသူကို Screen Shot ရိုက်ပြီး
ကိုယ့်ဆီပို့ပေးပါလိမ့်မယ်။ခိုးသူ က Facebook သုံးနေရင်သူဘယ်သူဆိုတာတောင်သိနိုင်ပါလိမ့်မယ်။

Prey ဟာ အကောင်ဆုံးတန်းဝင်ပြီး Free ရနိုင်မဲ့ Software
တစ်ခုဖြစ်ကြောင်း ။

For window
http://www.google.as/url?sa=t&rct=j&q=prey+for+window&source=web&cd=1&ved=0CCsQFjAA&url=http%3A%2F%2Fpreyproject.com%2Fdownload&ei=cen_UKeABYSGrAf74oHwDw&usg=AFQjCNFFvcSFd-aKPt1gi394rzfycCCpsA&bvm=bv.41248874%2Cd.bmk

အသုံးပြုပုံကိုအသေးစိတ်ကြည့်ရှုရန်
http://preyproject.com/

iOS အတွက်ပါ
http://www.google.as/url?sa=t&rct=j&q=prey+for+ios&source=web&cd=4&ved=0CDgQFjAD&url=https%3A%2F%2Fitunes.apple.com%2Fus%2Fapp%2Fprey-anti-theft%2Fid456755037%3Fmt%3D8&ei=sN__UKjaFsrNrQfqnIDwDQ&usg=AFQjCNEvfpNchlJPv2C40SPLoWKwy5gYqQ&bvm=bv.41248874%2Cd.bmk

For Android
https://www.box.com/shared/obwnay08i81ct42omv9b

Source. နောင်စိုး
Lin Htet Win
Myanmar IT Group
Laptop တစ်လုံးပျောက်ဆုံးသွားခဲ့ရင်+Ph+ Tablet

Laptop ဆိုတာ ပျောက်ဖို့လွယ်ပါ့မလားလို့ မေးစရာရှိပေမဲ့
အကြောင်းအမျိုးမျိုးကြောင့် မေ့ခဲ့ရင် အခိုးခံ ခဲ့ရရင်
နောက်ဆုံး ဗဟုသုတ အနေနဲ့ မှတ်သားလို့ရတာပေါ့

ကြိုတင်ဆောင်ရွက်ထားနိုင်တဲ့ အခမဲ့ ဆောဖ်ဝဲပါ
Prey ဆော့ဝဲဟာ open source ဖြစ်ပြီး စွမ်းဆောင်ရည်
အလွန်ကောင်းပါတယ် အခပေး Software တွေလက်လန်ပါတယ်

Wi-Fi ကိုအလိုအလျောက် ချိတ်ဆက်နိုင်
GPS(or) Wi-Fi ကဖြစ်ဖြစ် Laptop ရဲ့တည်နေရာသိနိုင်ပါတယ်
သုံးနေသူကို Web Cam ကတဆင့် ဖမ်းယူနိုင်ပါတယ်
Data တွေလှမ်းဖျက်လို့ရသလို Computer ကိုဖွင့်မရအောင်
လုပ်ပစ်လို့ရပါတယ်

ဘယ်လိုအခြေအနေ ရောက်ရင် ကိုယ့်Device ပျောက်နေတယ်
ဆိုတာပုံစံချထားတယ်ဆိုပါဆို့။ Prey ကကိုယ်ဆီ Email ပို့ပြီး
သတိပေးပါပြီ။ Device တည်နေရာကိုဖော်ပြပါပြီ။Webcam
အထောက်အပံ့ရရင် လက်ရှိ သုံးနေသူကို Screen Shot ရိုက်ပြီး
ကိုယ့်ဆီပို့ပေးပါလိမ့်မယ်။ခိုးသူ က Facebook သုံးနေရင်သူဘယ်သူဆိုတာတောင်သိနိုင်ပါလိမ့်မယ်။

Prey ဟာ အကောင်ဆုံးတန်းဝင်ပြီး Free ရနိုင်မဲ့ Software 
တစ်ခုဖြစ်ကြောင်း ။

For window
http://www.google.as/url?sa=t&rct=j&q=prey+for+window&source=web&cd=1&ved=0CCsQFjAA&url=http%3A%2F%2Fpreyproject.com%2Fdownload&ei=cen_UKeABYSGrAf74oHwDw&usg=AFQjCNFFvcSFd-aKPt1gi394rzfycCCpsA&bvm=bv.41248874%2Cd.bmk

အသုံးပြုပုံကိုအသေးစိတ်ကြည့်ရှုရန်
http://preyproject.com/ 

iOS အတွက်ပါ
http://www.google.as/url?sa=t&rct=j&q=prey+for+ios&source=web&cd=4&ved=0CDgQFjAD&url=https%3A%2F%2Fitunes.apple.com%2Fus%2Fapp%2Fprey-anti-theft%2Fid456755037%3Fmt%3D8&ei=sN__UKjaFsrNrQfqnIDwDQ&usg=AFQjCNEvfpNchlJPv2C40SPLoWKwy5gYqQ&bvm=bv.41248874%2Cd.bmk

For Android
https://www.box.com/shared/obwnay08i81ct42omv9b

Source. နောင်စိုး
Lin Htet Win
Myanmar IT Group

နိယာမ

နိယာမ

ယောက်ျားလေးတွေ တကယ်ချစ်တဲ့ အခါ ……
လူအများမှာ ကြွားဝါလိုကြတယ်………………..ဒါငါ့ ချစ်သူလို့ ပေါ့ .။
မိန်းကလေးတွေ တကယ်ချစ်တဲ့  အခါ…….
တိတ်တိတ်လေး လက်ကို မြဲမြဲဆုပ်ထားကြတယ်………..ခွဲမသွားနဲ့ လို့ ပေါ့ …။

ယောက်ျားလေးတွေ သတိရတဲ့ အခါ.. ……
မအားလပ်နိုင်တဲ့ ကြားက .ဖုန်းတွေဆက်ကြ၊စာတွေရေးကြတယ်……………..
မိန်းကလေးတွေ သတိရတဲ့  အခါ…………….
အလုပ်တွေကြားထဲက စောင့် မျှော်တက်ကြတယ်…..

ယောက်ျားလေးတွေက အချစ်ကို ရူးရူးမိုက်မိုက် မြတ်မြတ်နိုးနိုး တန်ဖိုးထားတက်ကြတယ်
မိန်းကလေးတွေက သိုသို ၀ှက်ဝှက် အိမ်မက်ဆန်ဆန်စိတ်ကူးယဉ်ကြတယ်…….

ယောက်ျားလေးတွေက ဘာလုပ်ချင်တယ်ဆိုတာ ကို ပြောပြီး
မိန်းကလေးတွေက ဘာဖြစ်သင့် တယ်ဆိုတာ ပြောကြတယ်……..။

ယောက်ျားလေးတွေ အသဲကွဲရင် အရက်က အဖော်ဖြစ်ပြီးတော့ 
မိန်းကလေးတွေ အသဲကွဲရင် မျက်ရည်က သူငယ်ချင်းဖြစ်သွားကြတယ်……….။

ယောက်ျားလေးတွေက အချစ်ကို ရှေ့ တန်းတင်ပြီး သူရဲကောင်းလုပ်ချင်ကြတယ်….
မိန်းကလေးတွေက အချစ်ကို သိုဝှက်ပြီး အိမ်ရှင်မ လုပ်ချင်ကြတယ်………

ယောက်ျားလေးတွေက ချစ်သူ့ကို လက်ထပ်မယ်လို့  တယုတယပြောတဲ့  အချိန်…….
မိန်းကလေးစိတ်ထဲက လေးလေးနက်နက် ပြန်ပြောတာက သစ္စာရှိပါနော်တဲ့ …။

Saturday, 1 December 2012

ဖလက်သီချင်းအတွက် ကိုယ်ပိုင်မောက်အဖက်လုပ်နည်း


SWiSH Max4 icon ကို open လုပ်ပါ default  တွင်ထားပါ
Components ကိုနိုပ် ပါ ... Effects ကို နိုပ်ပါ 2D ကိုနိုပ်ပါ
MouseFollower ကို Open ပါ... Outline ကိုနိုပ်ပါ
Scene_1 ကိုနိုပ်ပါ + mousefollower ကိုနိုပ်ပါ
+container ကိုနိုပ်ပါ Arrow မြှားပုံလေးပေါ်လိမ့်မည်
Arrow မြှားပုံပေါ်သို့ မောက်ဖြစ် တစ်ချက်ထောက်ပါ
ကီးဘုတ်မှ Delete ကီးကိုနိုပ်ပီး ဖျက်လိုက်ပါ
ပရောဂျက်စာမျက်နှာ ပေါ်တွင် မြှားပုံလေးပျောက်သွားပြီး
ရုပ်ရှင်ပုံစံလေး ထင်ကျန်ခဲ့တာကို တွေ့ရလိမ့်မည်....
Insert  ကိုနိုပ်ပါ Import  Image ကိုနိုပ်ပါ ပြီးလျှင် မိမိထည့်ချင်သော
ပုံကို ထည့်ပါ .....
Import ဘောက်တစ်ခုကျလာမည် Import ကိုနိုပ်ပါ
Tools Box မှ Selection tool ကိုရွေးပါ ပြီးလျှင်ကိုယ်ထည့်ထားသောပုံပေးတွင်
တစ်ချက်ထောက်ပါ ပုံဆိုဒ် အကြီးအသေးကို နှစ်သက်သလိုပြောင်းပါ
ပြီးလျှင် ကျတော်တို့ အဖက်ထည့်ရအောင်
Insert ကိုနိုပ်ပါ Effect ကိုနိုပ်ပါ ကျတော်ကတော့ Zoom In ကိုရွေးပါမည် သူငယ်ချင်းတို့
ကြိုက်နှစ်သက်ရာအဖက်များဖြစ် စမ်းသပ်နိုင်ပါသည်
အဖက်အတိုအရှည်ကို TimeLine အတွင်းရှိ အဖက်အားကိုယ်လိုသလို အတိုးလျှော့လုပ်နိုင်
ပါသည်။
ပြီးလျှင် ပထမထည့်ထားသော အဖက်နှင့်အနည်းငယ်ကွာပြီး
Zoom Out အဖက်တစ်ခုထပ်ထည့်ပါမည်
မည့်သည့်မောက်အဖက်လုပ်လုပ် Out အဖက်တစ်ခုခု
ဖြစ်အဆုံးသတ်ထည့်ပေးရမည်ဖြစ်သည်။
ပုံနေရာတွင် စာထည့်ချင်လျှင်လည်း ပုံအစားစာရိုက်ထည့်ပါ
SWiSH Max4 ကို open လုပ်ပါ default  တွင်ထားပါ
Components ကိုနိုပ် ပါ ... Effects ကို နိုပ်ပါ 2D ကိုနိုပ်ပါ
MouseFollower ကို Open ပါ... Outline ကိုနိုပ်ပါ
Scene_1 ကိုနိုပ်ပါ + mousefollower ကိုနိုပ်ပါ
+container ကိုနိုပ်ပါ Arrow မြှားပုံလေးပေါ်လိမ့်မည်
Arrow မြှားပုံပေါ်သို့ မောက်ဖြစ် တစ်ချက်ထောက်ပါ
ကီးဘုတ်မှ Delete ကီးကိုနိုပ်ပီး ဖျက်လိုက်ပါ
ပရောဂျက်စာမျက်နှာ ပေါ်တွင် မြှားပုံလေးပျောက်သွားပြီး
ရုပ်ရှင်ပုံစံလေး ထင်ကျန်ခဲ့တာကို တွေ့ရလိမ့်မည်....
Tools Box မှ T ပုံစံ tool ကိုရွေးပါ ပြီးလျှင်ပရောဂျက်စာမျက်နှာမှ
ရုပ်ရှင်ပုံစံ အကွက်ပေါ်သို့ တစ်ချက်ထောက်ပါ ရုပ်ရှင်ပုံစံ အကွက်လေးပျောက်ပီး
စာရိုက်ရန်အသင့်ဖြစ်နေတာကိုတွေ့ရလိမ့်မည်။
ကြိုက်နှစ်သက်ရာ စာရိုက်ပြီး အဖက်ထည့်ပါ အဖက်ထည့်ပုံမှာ
အပေါ်တွင်ရေးထားခဲ့သလို
အဆင့်ဆင့်ထည့်သွားပါ...Rainbow ကာလာလိုချင်ပါက
Inset>Effect>Looping continuously>Wind-Rainbow
ကိုနိုပ်ပြီး အဆင့်ဆင့်ထည့်သွားပါ မည့်သည့်ကြိုက်နှစ်သက်ရာ အဖက်ကိုသုံးသုံး
အဆုံးသတ်တွင် Out တစ်ခုခုတော့ထည့်ပေးရမည်သာဖြစ်သည်...။
ကဲကျတော်တို့ ကိုယ်လိုချင်တဲ့အဖက်လေးတစ်ခု ရပြီဆိုပါတော့ Save ရအောင်နော်
File ကိုနိုပ်ပါ  Save As ကိုနိုပ်ပါ ကိုသိမ်းချင်တဲ့နေရာကိုရွေးပါ
File name နေရာတွင် ကြိုက်နှစ်သက်ရာအမည်ပေးပါ ပြီးလျှင် Save ကိုနိုပ်ပြီး
သိမ်းဆည်းနိုင်ပါပြီ...။ သူငယ်ချင်းလိုတဲ့အချိန်မှာ
ကိုယ်တိုင်လုပ်မောက် အဖက်လေးတစ်ခုကိုအသုံးပြုနိုင်
ပြီဖြစ်ပါပြီ....။
ကျတော်သည် ၀ါသနာရှင်သူငယ်ချင်းများကိုတတ်စေချင်သည့်
ဆန္ဒကြောင့်သာ
ရေးသားထားခြင်းဖြစ်ပါသည် ကျတော်ရေးသားမူ့ကို နားမလည်ပါက
ခွင့်လွှတ်နားလည်စေချင်ပါသည်
ကျတော်သည် စာရေးဆရာမဟုတ်သည့်အတွက်
အတတ်နိုင်ဆုံးနားလည်သဘောပေါက်လွယ်အောင်
ကြိုးစားရေးသားထားပါသည်..
ဖတ်ပြီးနားမလည်သည့် သူများလည်း skysoehtike@gmail.com သို့မေးမြန်းနိုင်ပါသည် .... ။
အဆင်ပြေအောင်မြင်နိုင်ကြပါစေ လို့လည်းဆုတောင်းပါတယ်။
လူတိုင်းကိုတတ်စေချင်ပါသည် ကိုယ်သိသလိုသူများလည်းသိစေချင်ပါသည် ......

Friday, 30 November 2012

usb thumb drive သုံးပြီးပြီ window install လုပ်မယ်


windows အသစ်တင်ခါနီးကြရင် cd/dvd drive တွေ မကောင်းလို့ စိတ်ညစ်ရတာမျိုးတွေ ကြုံဖူးကြမှာပါ။ နောက်တခါ တစ်ချို့ netbook တွေမှာ cd/dvd drive တွေ မပါလာတာမျိုးတွေ လည်းရှိတတ်ပါတယ်။ အဲဒီလို အခြေနေတွေ ကြရင် usb thumb drive ကို အသုံးပြုပြီးတော့ ကိုယ့်စက်ထဲကို windows install လုပ်လို့ရပါတယ်။ usb thumb drive ရဲ့ ပမာဏ အနည်းဆုံး 4G ဖြစ်ရပါမယ်။ usb thumb drive ကို format လုပ်ရမှာ ဖြစ်တဲ့အတွက် ဒေတာတွေကိုတော့ တနေရာမှာ ကူးယူထားဖို့ လိုအပ်ပါတယ်။ အောက်မှာ ပြုလုပ်တဲ့အဆင့်တွေက Windows 7 တင်ထားတဲ့ စက်မှာ ပြုလုပ်တာပါ။ install
လုပ်မယ့် windows ကလည်း windows 7 ပါပဲ။
. usb thumb drive ကို စက်ထဲမှာထိုးလိုက်ပါ။ ပြီးရင် Start menu > All
programs > Accessories ထဲကနေ Command Prompt ပေါ်မှာ right click
နှိပ်ပြီးတော့ Run as administrator ကို ရွေးလိုက်ပါ။ ဒါဆိုရင်တော့
Command Prompt ကျလာမှာ ဖြစ်ပါတယ်။
၂. အဲဒီ Command Prompt ထဲမှာ DISKPART လို့ ရိုက်ပြီး Enter နှိပ်ပါ။
နောက်ထပ် Console window တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ အောက်က
အဆင့်အတိုင်း လုပ်ပါ။
၃. ပြီးရင် LIST DISK လို့ရိုက်ပြီး Enter နှိပ်ပါ။ ကိုယ့်ရဲ့ စက်ထဲမှာ
ရှိတဲ့ disk တွေ အကုန်ပြပါလိမ့်မယ်။ အဲဒီမှာ သေချာ ကြည့်ပါ။ ကိုယ့် us
thumb drive ရဲ့ နံပါတ်က ဘယ်လောက်လည်းဆိုတာ။ ကျွန်တော့်စက်မှာဆိုရင် DISK
0 က Hardisk ပါ။ DISK 1 က usb thumb drive ပါ။ ဘေးမှာ disk size ကို
ပြထားတဲ့အတွက် အလွယ်တကူခွဲလို့ရပါတယ်။
၎. usb thumb drive ရဲ့ disk no ကို သိပြီဆိုရင် SELECT DISK 1
လို့ရိုက်ပါ။ (ကျွန်တော့်စက်မှာ usb thumb dirve က DISK 1 မလို့ SELECT
DISK 1 လို့ရိုက်တာပါ။ တကယ်လို့ ကိုယ့်စက်မှာ တခြား disk no ဆိုရင် အဲဒီ
နံပါတ် အလိုက်ရိုက်ပေးရမှာပါ)
၅. ပြီးရင်တော့ အောက်က အဆင့်တွေ အတိုင်း ရိုက်ပေးရမှာပါ။
CLEAN
CREATE PARTITION PRIMARY
SELECT PARTITION 1
ACTIVE
FORMAT FS=NTFS ( usb drive ကို format လုပ်တာပါ။ မိနစ် အနည်းငယ် စောင့်ရပါတယ်)
ASSIGN
EXIT (DISKPART Console ကနေ ထွက်တာပါ။ မူလ Command Prompt ကတော့
ကျန်နေပါသေးတယ်။ အဲဒီ command prompt ကို မပိတ်သေးပါနဲ့ )
၆. အပေါ်က အဆင့် ပြီးရင်... DVD drive ကောင်းတဲ့ စက်တစ်လုံးထဲမှာ windows
7 ခွေကို ထည့်။ ပြီးရင် အဲဒီခွေထဲက BOOTSECT.EXE ကို အသုံးပြု ပြီးတော့
usb thumb drive ကို bootable ဖြစ်အောင် လုပ်ရပါမယ်။ ကောင်းတာကတော့ အပေါ်က
အဆင့်တွေကိုလည်း DVD Drive ကောင်းတဲ့ စက်တစ်လုံးလုံးမှာ
ပြုလုပ်သင့်ပါတယ်။ usb thumb drive ကို ဖြုတ်လိုက် တပ်လိုက်
လုပ်စရာမလိုတော့ဘူးပေါ့။ ပြီးရင် Command Prompt ထဲကနေ အောက်က Command
တွေကို ရိုက်ပါ။
CD \
D: (DVD drive letter ကို ရိုက်ပေးရမှာပါ။ ကျွန်တော့်စက်မှာ dvd drive က
D ဖြစ်နေလို့ပါ။)
CD BOOT
BOOTSECT.EXE /NT60 H: (ကျွန်တော့်စက်မှာ thumb drive letter က H ပါ။
အဲဒီနေရာမှာ ကိုယ့် thumb drive letter ကို ရိုက်ပေးရမှာပါ။)
၇. အပေါ်က အဆင့်တွေ အားလုံး ပြီးသွားပြီဆိုရင် ကိုယ့် usb thumb drive က
bootable drive ဖြစ်သွားပါပြီ။ နောက်အဆင့် အနေနဲ့ windows 7 ကို usb
thumb drive ထဲကို ကူးထည့်ပေးရမှာပါ။ DVD drive ကောင်းတဲ့
စက်တစ်လုံးထဲမှာ windows 7 ခွေကို ထည့် ပြီးရင် အဲဒီ ခွေထဲ အားလုံးကို
ခဏနေက usb thumb drive ထဲကို ကူးထည့်လိုက်ရုံပါပဲ။ အဲဒါဆိုရင်တော့
bootable ဖြစ်တဲ့ Windows 7 ပါတဲ့ usb thumb drive တစ်ခု ကို ရမှာပါ။
၈. ကိုယ် windows တင်မယ့် စက်ရဲ့ bios ထဲမှာ first boot ကို usb drive
ကို ထားပေးရပါမယ်။ ပြီးရင် usb thumb drive ကို အသုံးပြုပြီးတော့ windows
တင်လို့ ရပါပြီ။
တစ်ခြား Windows အတွက်တော့ အနည်းငယ် အပြောင်းလဲ ရှိမယ် ထင်ပါတယ်။ Windows
7 တော့ အိုခေပါတယ်။