Sunday, 3 March 2013
Monday, 25 February 2013
စိတ်ငြိမ်ရပ်ကွက်
ဆိတ်ငြိမ်ရပ်ကွက်
အိမ်ဝယ်မည့်သူက ပွဲစားကိုပြောသည်။
"အခုခင်ဗျားပြတဲ့ အိမ်ကိုတော့ ကြိုက်ပြီ..၊ ဒါနဲ့ ဒီရပ်ကွက်က..တိတ်တိတ်ဆိတ်ဆိတ်ရှိရဲ့လားဗျ"
ပွဲစားပြန်ဖြေလိုက်ပုံက....
"အင်မတန်တိတ်ဆိတ်တာပေါ့.. ဒီနှစ်ထဲမှာ အိမ်ငါးအိမ် အနုကြမ်းစီးခံရတယ်..
လမ်းသွားလမ်းလာ သုံးယောက် အသတ်ခံရတယ်.. ဘယ်သူမှ ဘာအသံမှ မကြားဘူး.."...တဲ့
ရီမောပျော်ရွှင်ပါစေ....
Lon Ely...
— with Wai Phyo Oo and Arkar Lynn.
ဆိတ်ငြိမ်ရပ်ကွက်
အိမ်ဝယ်မည့်သူက ပွဲစားကိုပြောသည်။
"အခုခင်ဗျားပြတဲ့ အိမ်ကိုတော့ ကြိုက်ပြီ..၊ ဒါနဲ့ ဒီရပ်ကွက်က..တိတ်တိတ်ဆိတ်ဆိတ်ရှိရဲ့လားဗျ"
ပွဲစားပြန်ဖြေလိုက်ပုံက....
"အင်မတန်တိတ်ဆိတ်တာပေါ့.. ဒီနှစ်ထဲမှာ အိမ်ငါးအိမ် အနုကြမ်းစီးခံရတယ်..
လမ်းသွားလမ်းလာ သုံးယောက် အသတ်ခံရတယ်.. ဘယ်သူမှ ဘာအသံမှ မကြားဘူး.."...တဲ့
ရီမောပျော်ရွှင်ပါစေ....
Lon Ely...
— with Wai Phyo Oo and Arkar Lynn.အိမ်ဝယ်မည့်သူက ပွဲစားကိုပြောသည်။
"အခုခင်ဗျားပြတဲ့ အိမ်ကိုတော့ ကြိုက်ပြီ..၊ ဒါနဲ့ ဒီရပ်ကွက်က..တိတ်တိတ်ဆိတ်ဆိတ်ရှ
ပွဲစားပြန်ဖြေလိုက်ပုံက....
"အင်မတန်တိတ်ဆိတ်တာပေါ့.. ဒီနှစ်ထဲမှာ အိမ်ငါးအိမ် အနုကြမ်းစီးခံရတယ်..
လမ်းသွားလမ်းလာ သုံးယောက် အသတ်ခံရတယ်.. ဘယ်သူမှ ဘာအသံမှ မကြားဘူး.."...တဲ့
ရီမောပျော်ရွှင်ပါစေ....
Lon Ely...
ြ်သသ၀န၀နိာ
အဲာပိုန် ဖေဖော်ဝါရီလ (၂၅) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန
အစိုးရမှ သိမ်းဆီးထားသည့် မြေယာများ ပြန်ရရေး အလုပ်ရုံဆွေးနွေးပွဲ တရပ်ကို အမေရိကန် NGO နှင့် သြစတြေးလျား NGO တို့က ထိုင်းမြန်မာ နယ်စပ် တနေရာတွင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း တက် ရောက်ခဲ့သူ မွန်ပြည်သစ် ပါတီ အရာရှိတဦးက ဆိုပါသည်။
“ လယ်ယာမြေ သိမ်းဆီးမှုပြဿနာရဲ့ အစဟာ ကျနော်တို့ နိုင်ငံက လယ်ယာ ဥပဒေကြောင့်ပါ။ အဲဒါက လယ်လုပ်သူ လယ် လုပ်ပိုင်ခွင့်သာ ရှိပါတယ်။ ဒါကြောင့် အစိုးရက လိုက်လံ သိမ်းခွင့် ရှိနေခြင်းဖြစ်ပါတယ်။ လယ်အသိမ်းခံရတဲ့ သူတွေကလည်း လယ်ယာ ပိုင်ဆိုင်ခွင့် မရှိတဲ့ အတွက်ကြောင့် လယ်လုပ်သူ လယ်ပိုင်ခွင့် ရရှိရေးအတွက် တိုင်းရင်းသား လက်နက် ကိုင်တွေ ပေါ်လာရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။” ဟု ဆိုပါသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲသို့ လက်နက်ကိုင် တိုင်းရင်းသား ပါတီ ကိုယ်စားလှယ်များ အပါဝင် ပြည်တွင်းမှ မြန်မာအဖွဲ့ အစည်း များမှ ကိုယ်စားလှယ်ပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
၁၉၉၅ ခုနှစ် နှောင်းပိုင်းကာလ၌ အစိုးရတပ် အင်အား (၁၀) တပ်ရင်းခန့်သည် မွန်ပြည်နယ်တွင် ထပ်မံတို့ချဲ့ လာခဲ့ပါသည်။ အထူးသဖြင့် မွန်ုပြည်နယ်ရေးမြို့နယ် မော့ကနင်ကျေးရွာနှင့် ရေးချောင်းဖျားရှိ ကျောင်းရွာ အပါဝင် နေရာအနှံ့ တပ်စခန်း အသစ်များတည် ဆောက်ရန် ရော်ဘာခြံ၊ ကွမ်းခြံနှင့် လယ်ယာမြေများ သိမ်းဆီးခဲ့ပါသည်။
“ ဗိုလ်ချုပ်မောင်အေးက တပ်စခန်းဆောက်ဖို့အတွက် တပ်ရင်း တရင်းကို မြေဧက (၂၀၀) ခန့်သာ သိမ်းဆီးရန် ညွှန်ကြား ထားခဲ့တယ်။ အဲဒီတော့ တပ်ရင်း (၁၀) ရင်းဆိုရင် အားလုံးပေါင်း ဧက (၂၀၀၀၀) ဘဲသိမ်းရမယ်။ ဒါပေမဲ့ တပ်မတော်က ဧကပေါင်း (၆၈၀၀) ခန့် သိမ်းဆီးလိုက်တယ်။” ဟု မွန်ပြည်သစ် အရာရှိက ဆိုပါသည်။
သိမ်းဆီးလိုက်သည့် မြေများကိုလည်း အစိုးရနှုံးထားအဖြစ် တဧက တထောင်ကျပ်နှုန်းသာ လျှော်ကြေးပေးခဲ့ပါသည်။ ပေါက်ဈေးအားဖြင့် သိန်းပေါင်းများစွာတန်သော နေရာတွင် ရွေးချယ်ပြီး သိမ်းဆီးခဲ့ကြသဖြင့် လယ်သမားများ နစ်နာဆုံးရှုံး ခဲ့ရပါသည်။
ထို့အပြင် နိုင်ငံတကာမှ လာရောက် ရင်နှီးမြှုပ်နှံမှုများ ပြုလုပ်သည့်အခါ၌လည်း အစိုးရတို့က လယ်ယာ၊ ခြံမြေ များကို သိမ်း ဆီးခဲ့ပါသည်။ အစိုးရ ခရိုနီများနှင့် အစိုးရစီမံကိန်းများတွင်လည်း လျှော်ကြေးအနည်းငယ်ဖြင့် သိမ်းဆီးကြပါသည်။
ဤပြသနာသည် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်မှ စတင်ခဲ့ပြီးနှစ်ပေါင်း ၆၀ ခန့် ရှိပါသည်။ ဤသို့ကြောင့် ဤဥပဒေကြောင့် နစ်နာ ခဲ့ရသဖြင့် မြေယာ သိမ်းဆီးမှု ပြဿနာများကို အပြီးသတ်စေရန် အမေရိကန်နှင့် သြစတြေးလျား NGO များမှ အချက် အလက်များ လာရောက် စုဆောင်း ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။
လယ်သမားများသည် လယ်လုပ်သူ လယ်ပိုင်ခွင့်ကို ကျင့်သုံးစေချင်သည်။ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်ကြောင့် လက်ရှိ အခြေအနေတွင် နေရာ အနှံ့၌ပြသနာဖြစ်နေခဲ့ပါသည်။ ဈေးပေါပေါဖြင့် ခရိုနီများသည် အချက်အချာ ကျသောနေရာများကို သိမ်းဆီး ခဲ့ပါသည်။ လယ်သမားများ၏ မကြေနပ်သော ပြသနာကြောင့် တချို့ခရိုနီများသည် ပြန်လည် လွဲအပ်ခဲ့သော်လည်း အများစုသည် သိမ်းဆီးမြဲရှိနေပါသည်။
အမေရိကန်နှင့် သြစတြေးလျား NGO များသည် ဤပြသနာကို မည်သို့ဖြေရှင်းသွားမည် ကိုလည်း လယ်သမားများက စိတ်ဝင်စားလျှက် ရှိကြောင်း ဆိုကြပါသည်။
Phophtaw News Association

Wednesday, 20 February 2013
**ဇော (၇) ချက်***
ဒီနေ့တော့ ကံတွေရဲ့အကျိုးပေးပုံလေး ကိုယ်နားလည်ထားတာလေး ချရေးမိပါတယ်။ ကုသိုလ်ကံပဲ ဖြစ်ဖြစ်၊ အကုသိုလ် ကံပဲဖြစ်ဖြစ် တစ်ခုခု ပြုလုပ်မိတိုင်း သူ့ရဲ့သတ္တိလေးတွေ (၇)ချက် ဖြစ်ပေါ်တယ်တဲ့။
ဥပမာ-ကျမတို့ လှိုဏ်ဂူထဲဝင်ပြီး “ဟေး” လို့ အော်လိုက်တယ် ထား။ ဟေး…ဟေး…ဟေး…ဟေး…ဟေး… ဟေး…ဟေး… ဆိုပြီး Harmony အနေနဲ့ ကိုယ့်အသံရဲ့ နောက်ကနေ ဆက်တိုက်ပဲ့တင် လိုဏ်သံပေါ်သလိုပဲ။ ကုသိုလ်၊ အကုသိုလ်မှာလည်း ဘာပဲလုပ်လုပ် သူ့ရဲ့သတ္တိက ကိုယ်ပွား(၇)ခုအနေနဲ့ ဖြစ်သွားပါတယ်။ အဲဒါကိုပဲ ဇော(၇) ကြိမ်ဖြစ်တယ်လို့ ခေါ်ကြတယ်။
ကဲ..အဲဒီ ဇော(၇)ကြိမ်ကနေ အကျိုးတွေပြန်ပေးတော့ ဘယ်လို ပေးသလဲဆိုရင် “ပထမဇော” က ဒီ လက်ရှိ ပစ္စုပ္ပန်ဘ၀မှာ အကျိုးပြန်ပေးပါတယ်။ အကယ်လို့ ဒီဘ၀မှာ အကျိုးပေးခွင့်မရခဲ့ရင်လည်း အဟောသိကံဖြစ်သွားပါတယ်။
“သတ္တမဇော” လို့ခေါ်တဲ့ နောက်ဆုံး “ဇော” အချက်ကလေးက နောက် ဒုတိယဘဝမှာသွားပြီး အကျိုး ပေးတယ်။ အလယ်ဇော (၅)ချက်ဖြစ်တဲ့ (ဒုတိယ မှ ဆဋ္ဌမ) ဇောထိကတော့ နောက် တတိယဘဝက စလို့ နိဗ္ဗာန်သည့်ဘ၀တိုင်အောင် ကောင်းကျိုး ဆိုးကျိုး အမျိုးမျိုး အကျိုးပေး လေရဲ့။
အဲဒီတော့ တို့တွေဟာ အခု ရောက်နေတဲ့ လက်ရှိဘဝမှာ ဟိုးအတိတ်တွေက လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ဇော တွေက ကိုယ့်နောက်မှာ အလှည့်ကျနဲ့ အကျိုးတွေ ပေးနေကြတယ်လို့ သိထားရပါမယ်။ ကုသိုလ်က အကျိုးပေးခွင့်ကြုံရင် ကောင်းကျိုးခံလိုက်ရပြန်၊ အကုသိုလ်က အကျိုးပေးခွင့် ကြုံရင် ဆိုးကျိုးတွေ ခံရပြန်ရော။
ဒီတော့ ကိုယ်လုပ်ခဲ့တာတွေက အကုသိုလ်တွေ များနေရင်အဲဒီဇောတွေကဆက်တိုက် လိုက်ပြီး ဒုက္ခပေးနေမှာမို့ အဲဒီ အကုသိုလ်အရိပ်တွေကို ဘာနဲ့ ချေဖျက်မလဲလို့ မေးရင် ကုသိုလ်နဲ့ပဲ ချေဖျက်ရမှာပေါ့။
ကုသိုလ်ဆိုတဲ့ နေရာမှာ ဝိပဿနာ ကုသိုလ်နဲ့ ချေရမယ်လို့ ဆိုလိုပါတယ်နော်။ ၀ိပဿနာကုသိုလ် အခုပွားရင် ဒီကုသိုလ်ကြောင့်ဖြစ်မယ့် ဇော(၇)ကြိမ်ထဲက ပထမဇောက လက်ငင်း အကျိုးပေးမှာမို့ ဟိုးနောက်က လိုက်လာတဲ့ အကုသိုလ်ဇောတွေကို သူက တစ်ချက်စီ ချေဖျက်ပြီး ကုသိုလ်ကျိုး (လက်ငင်း) အနေနဲ့ ပြောင်းပေးမှာနော်။
အဲလိုမှ မဟုတ်ရင်တော့ တို့တွေဟာလေ တစ်ရက်လေးတောင်မှ ငြိမ်းချမ်းစွာနေရတယ်လို့ မရှိပါဘူး။ အို..တစ်နေ့တစ်နေ့ မထပ်အောင် များလှတဲ့ဒုက္ခတွေထဲမှာ လည်လို့ အမြဲ ကြောက်လန့်ပြီး နေရတယ်။
အခုဆို ဘေးအမျိုးမျိုးတွေ ကြုံနေရတယ်။ အို..လေဘေး၊ ရေဘေး၊ မီးဘေး၊ ….စုံလို့ပေါ့။ ဒီကြားထဲက ကြက်ငှက်တုပ်ကွေးတဲ့။ ကြက်သား မစားရပြန်ဘူး။ ကြောက်လို့လေ ရှောင်နေရပြန်ပြီ၊ တခါ ဝက်နားရွက်ပြာတဲ့ဆို တော့ ဝက်ရှောင်ရပြန်ပြီ။ ဒါတွေဟာ ဘေးတွေ အမျိုးမျိုး ဝိုင်းထားတာ။
ဟာ..ဘယ်နိုင်ငံက နျူကလိယလက်နက်တွေ စမ်းသပ်ရင် ဘယ်သူတွေနဲ့ တိုက်ကြတော့မှာပဲ။ စိုးရိမ်၊ ထိတ်လန့်၊ ကြောက်ရွံ့ စွာနဲ့ နေ့စဉ် ရှင်သန်နေရတာလေ။ ဒါတောင် ဘယ်လောက်ကြောက်ကြောက် ဘေးထဲ ပါသွားကြတဲ့လူတွေက တပုံကြီးပဲ။ ဘာလို့များ ဒီလောက်ထိ ဖြစ်နေရပါ့မလဲ ဆိုတော့ နောက်ကနေ အကုသိုလ်ဇော တွေက အကျိုးပေးဖို့ လိုက်လို့ ပြေးနေရပါ လားလို့သာ မှတ်လိုက်တော့။
ဒီလိုသာ ပြေးနေလည်း လွတ်မှာ မဟုတ်ပါဘူး။ လွတ်ရာ လွတ်ကြောင်း ရှာမှပဲဆိုတော့ သူ့ကိုနိုင်နဲ့ လူနဲ့ ကိုင်မှ ဖြစ်တော့မယ်လေ။ အဲဒါက ဝိပဿနာ ကုသိုလ်ပဲပေါ့။ “ဖြစ်ပျက်” လေး တစ်ချက်မြင်အောင် ရှု့နိုင်ရင် ဇော(၇)ကြိမ် ဖြစ်မှာမို့ သူက နောက်က လိုက်လာတဲ့ အကုသိုလ်ကံတွေကို ဖျက်ပစ်ပြီး ကုသိုလ် အကျိုးပေးလေး ပြောင်းပေးမှာမို့ များများလုပ်နိုင်ရင် များများ ပြောင်းပြီး ကောင်းကျိုးခံရမယ်။ နည်းနည်းလုပ်နိုင်ရင် နည်းနည်းပဲ သက်သာ လိမ့်မယ်ဆိုတာသာ မှတ်ထားပေတော့။
ဒါကြောင့် “ဖြစ်ပျက်” ခဏခဏ မြင်အောင်အားထုတ်ကြဖို့ လိုလာပါပြီနော်။ တို့ ဇာတ်တော်ထဲက အင်္ဂုလိမာလ ကိုပဲကြည့်လေ။ လုပ်လိုက်တဲ့ အကုသိုလ်တွေ၊ လူဆိုး၊လူမိုက်အနေနဲ့ ကျင်လည်ပြီး လူတကာ သတ်နေတဲ့ လူတစ်ယောက် ရဲ့ အကုသိုလ် ဘယ်လောက်ကြီးလဲ ခန့်မှန်းကြည့်ပေါ့။
ဒါပေမယ့် သူ့ရဲ့ အကုသိုလ်ကို ဝိပဿနာဉာဏ်နဲ့ ချေဖျက် နိုင်တဲ့အတွက် ရဟန္တာဘဝကို ပိုင်ဆိုင်နိုင်ခဲ့ တာပေါ့။ အခု စီးပွားပျက်ကပ်ဆိုက်လို့ပဲ လူတွေများစွာ အလုပ်လက်မဲ့တွေဖြစ်၊ ငတ်၊ပြတ်နေကြတာ။ဒီထဲက အကုသိုလ် အလုပ်တွေခိုး၊ ဆိုး၊ တိုက်ခိုက် နေကြ တော့ နောက်က လိုက်လာတဲ့ အကုသိုလ်ကံကို အခုလုပ်လိုက်တဲ့ အကုသိုလ်ကံက Welcome လုပ်လိုက်တဲ့အတွက် အစုလိုက် အပြုံလိုက် သေရပြန်ပြီ။ တစ်မြို့လုံး ကျွံကျ သွားတာဆိုတော့ အပြုံလိုက်တွေ မြေမြိုတာပေါ့။
ရာသီဥတုတွေကစ ဖောက်ပြန်လို့ လူတွေရဲ့ အကုသိုလ်စွမ်းအား ဘယ်လောက်ကြီးသလဲ ခန့်မှန်းသာ ကြည့် လိုက်တော့။ မိုးလိုအပ်ချိန်မှာ မိုးတွေခေါင်လို့၊ မိုးမလိုတော့ ရေတွေ လွှမ်းလို့၊ မုန်တိုင်းတွေ ကလည်း နာမည်အမျိုးမျိုးတွေ တပ်ပြီး ဝင်ချင် တိုင်း ဝင်နေကြတာ။ ဒါ ဘာကြောင့်လဲ?။ အကုသိုလ် အလုံးအရင်း ကြီးလာလို့လေ။
သူ့ကိုတားမယ့်၊ ဖျက်ပစ်နိုင်မယ့် ဝိပဿနာ ကုသိုလ်ကျတော့ မလုပ်ကြတော့ အကုသိုလ်က ကြောက်စရာမရှိ ဝင်ချင်တိုင်းဝင်နေတာပေါ့၊ အခုဆိုရင် ကိုယ့်တစ်ဝမ်းတစ်ခါးတောင်ဝအောင်
အဲဒီလို ဒုက္ခတွေရောက်တော့ လူတွေက ဘာလုပ်ကြလဲ။ ဆုတွေ တောင်းကြတယ်လေ။
“မသူတော် ဘေးမှ လွတ်ရပါလို၏။” “ကပ်ကြီးတွေမှ ကျော်နိုင်လွှားနိုင်ရပါလို၏။” ဘာညာဘာညာနဲ့ ရွတ်သာ နေတာ သူတို့ ရင်ထဲမှာ ကိန်းနေတာကိုက မသူတော်တရားတွေ၊ အမြင်မှားတွေ ကိန်းနေတာနော်။
မသူတော် တရားတွေ ဆိုတာဘာလဲဆိုတော့ ဒီလူ့ကို တော့ ချစ်တယ်၊ ဟိုလူ့ကိုတော့မုန်း တယ်… ဘာမဆို မြင်မြင်သမျှ အပေါ်မှာ ပုံမှန်စိတ်ထားရမှာကို မတရားတဲ့စိတ်တွေနဲ့ တွေး၊ ပြော၊ ပြုမူနေကြတာ။
နောက် အမြင်မှားဆိုတာက မမြဲတဲ့ အနိစ္စကို နိစ္စလို့ထင်၊ ဆင်းရဲတဲ့ ဒုက္ခကို သုခလို့ထင်၊ အစိုးမရတဲ့ အနတ္တကို အတ္တလို့ထင်ပြီး ကိုယ့်ကိုကိုယ် မနှစ်မြို့ဖွယ်ဖြစ်တဲ့ အသုဘခန္ဓာကြီးကို သုဘလို့ ထင်နေတာကို ပြောတာ။ မကောင်း တာကို အကောင်းတွေလို့ ထင်နေတာဟာ အမြင်မှားပဲလေ။
ဒီအမြင်မှားနဲ့ ဒီမသူတော်တရားတွေက ပုထုဇဉ်လူသားတွေရဲ့ ရင်ထဲမှာ ကိန်းအောင်းပြီး အိမ်ရှင်သဖွယ် ဖြစ်နေတော့ သူ့ဆီ လာလည်မှာကလည်း သူနဲ့တူရာပဲ လာမှာပေါ့။ သံလိုက်လိုပါပဲ။ ကိုယ့်ရင်ထဲက မကောင်းတဲ့ စိတ်ခံ သံလိုက်တုံးကြီးက အမာခံရှိနေတာ မမြင်ပဲနဲ့ လာကပ်နေတဲ့ ဓားတွေ၊ လှံတွေ၊ သေနတ်တွေကို ကြောက်ပြီး ပြေးနေ မယ်ဆိုရင် ရပါ့မလား။
ပြီးတော့ ဒီသံလိုက်ရဲ့ ဆွဲအားကြောင့်လာကြမယ့် မကောင်းတဲ့ ကပ်ဘေးတွေ၊ အငတ်ဘေးတွေ၊ ဒုက္ခဘေး တွေကို ဆုတွေတောင်းပြီး မောင်းထုတ်နေလို့ကတော့ မောရုံပဲရှိမယ်။
ကိုယ့်ကိုယ်တွင်းက မကောင်းတဲ့ဓာတ်ခံကို ဆွဲထုတ်နိုင်မှ သူ့ဆီလာကြမယ့် မကောင်းတာတွေကို မောင်းထုတ်ပြီးသား ဖြစ်မှာပေါ့။ အခုတော့ လွဲနေကြတာ။
“တွေ့လိုက်ရရင် လူတွေက ဒီလိုချည်းပဲ၊ တစ်ယောက်မှ ကောင်းတာကို မရှိဘူး” လို့ ပြောကြတယ်မလား။ အဲဒါ ဘာလို့လဲ ? ။
ကိုယ့်ရဲ့ ရင်ထဲက အခံကမှ မကောင်းတာ၊ ကောင်းတာ လိုချင်လို့ ဘယ်ဖြစ်မလဲနော်။
အဲဒီတော့ ဘာကို အရင်လုပ်ရမယ် ဆိုတာ အဖြေထွက်နေပါပြီ။
အပြင်ကဘေးနဲ့ ဝေးချင်ရင် ဝမ်းထဲက မကောင်းတဲ့ သံလိုက်တုံးကြီးသာ အရင်ဖယ်ပေတော့။
အညှီရှိလို့သာ ယင်အုံကြ တာပါ။
လူတွေက အကြောက်လွဲ နေကြတယ်။ ဝမ်းထဲက လက်ခံထားတဲ့ ကြောက်စရာ ကောင်းတဲ့ သံလိုက်တုံးကြီးကို မကြောက်ပဲ အပြင်က လာကပ်တာတွေကို ကြောက်နေကြတယ်။
ဒါဆို အတွင်းရန်နှင့် အပြင်ရန်ကို တော်တော်လေးတော့ သိလောက်ရောပေါ့။
အတွင်းရန်ကို အရင်ဆုံး ကြောက်ပြီး အမြန်ဆုံးဖယ် ထုတ်လိုက်ပါတော့။ ဒါမှ လာကပ်စရာလည်း မရှိတော့ မှာမို့ အပြင်ရန်တွေလည်း ငြိမ်းအေး ပါလိမ့်မယ်။
ဒီတော့ကာ တို့တွေ ဝိပဿနာတရား အားထုတ်လိုက်တာနဲ့ အတွင်းရန်တွေ ပြေးသွားပါလိမ့်မယ်။ ဒီ အတွင်းရန် နေရာမှာ အဖော်ကောင်းလေးဖြစ်တဲ့ မဂ္ဂင်တရား အသိလေးတွေ အစားထိုးလာလို့ အအေးသံလိုက်ဓာတ်ကြီးဖြစ်အောင် ပြောင်းကြရမယ်ဆိုတာ ပေါ်လာပါပြီနော်။
ဒါဆို လာကပ်မှာတွေကလည်း အေးချမ်းစေမှာမို့ အတွင်းကောင်းမှ အပြင်ကောင်းလိမ့်မယ်ဆိုတာ နားလည်နိုင် ကြပါစေလို့ ဆုတောင်းရင်းနဲ့ ဒီနေ့တော့ ဒီလောက်ပဲနော်။
အားလုံးပဲ ဓမ္မဓာတ်တွေကိန်းလို့ အမြန်အေးချမ်းနိုင်ပါစေ။
မနောကံကို မနောနဲ့သာ တိုက်ထုတ်နိုင်ပါတယ်။ ဝစီနဲ့ ဆုတောင်းလို့ မရဘူးဆိုတာလေး ဝေမျှရင်းနဲ့ တတ်အား သရွေ့အတွင်းရန်တွေကို တိုက်ထုတ်ကြပါစို့လားရှင်။
(မေတ္တာများစွာဖြင့်)
စက်ဘီးဖြင့် ကမ္ဘာတစ်ပတ် ပတ်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိသျှ စုံတွဲ ထိုင်းနိုင်ငံတွင် ကားတိုက် ခံရပြီး သေဆုံး
Wednesday, February 20, 2013
ကမ္ဘာ တစ်ပတ်ကို စက်ဘီးဖြင့် ပတ်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိန် နိုင်ငံမှ စက်ဘီး စီးသမား စုံတွဲ ဖြစ်သော ပီတာရုထ်နှင့် မာရီသွန်ဆန်တို့ စုံတွဲသည် ထိုင်းနိုင်ငံ ဗန်ကောက် ပြည်နယ် အရှေ့ပိုင်းတွင် ယာဉ်တိုက်မှု ကြောင့်
သေဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ စုံတွဲသည် ၎င်းတို့၏ ကမ္ဘာပတ် စက်ဘီးစီး ခရီးစဉ်ကို ၂ဝ၁၁ ခုနှစ် ဇူလိုင်လက စတင်ခဲ့ခြင်း ဖြစ်ပြီး ဥရောပ တစ်ဝန်း၊ အရှေ့ အလယ်ပိုင်း
ဒေသနှင့် တရုတ် နိုင်ငံတို့ကို စက်ဘီးစီး၍ ဖြတ်ကျော် ခဲ့သည်။
ပီတာရုထ်တို့ စုံတွဲသည် ထိုင်းနိုင်ငံ အတွင်းရှိ နာမည်ဆိုးဖြင့်
ကျော်ကြားသည့် လမ်းတစ်ခုတွင် ဖေဖော်ဝါရီ ၁၃ ရက်က ပစ်ကပ်ကား တစ်စီး၏ ဝင်တိုက်မှုကို ခံရပြီး အသက် ဆုံးရှုံး ခဲ့ရခြင်း ဖြစ်ကြောင်း
နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ တယ်လီဂရပ် သတင်း ဌာန က ဖော်ပြခဲ့သည်။
ပီတာတို့ စုံတွဲသည် စက်ဘီးဖြင့် နိုင်ငံပေါင်း ၂၃ နိုင်ငံကို သွားလာခဲ့သည့် ဓာတ်ပုံများနှင့် ဗီဒီယို မှတ်တမ်း များကို ၎င်းတို့၏ ဝက်ဘ်ဆိုက် များတွင် ဖော်ပြခဲ့သည်။
ပီတာရုထ်သည် နယူးဂျာစီ ပြည်နယ်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ဂန်ဆီတွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ မာရီသွန် ဆန်သည် ဘရစ်စတိုလ် မြို့သူ
တစ်ဦး ဖြစ်သည်။
၎င်းတို့ နှစ်ဦးသည် လွန်ခဲ့သည့် ၁၄ နှစ်ခန့်က ကွန်ဝေါလ်ကောင်တီ ဖားမောင့်တ်မြို့ရှိ အနုပညာ ကျောင်း တွင် စတင် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
http://bit.ly/133lD5z
Sunday, 10 February 2013
ပျော်ချစ်နဲ့ အဖော်ဖြစ်သူ
သိက္ခာတွေ ခါးသက်သက်
ရှိနေခဲ့တဲ့ မင်းရဲ့ အချစ်တွေကလဲ
ပေါ့ပျက်ပျက်ဖြစ်နေတာပေါ့
ပတ်ဝန်းကျင်နဲ့မင်းက
နွေနဲ့ဆောင်းလို
ပြောင်းလဲမရ
ချောက်နက်နက်ထဲကျနေတာက
မင်ရဲ့ အတ္တ
စုန်းစုန်းမြုပ်နေတာက
မင်းရဲ့ မာန
ဘ၀မှာ ရသဆိုတာလဲမရှိ
သမုဒယ လဲမသိ
အပြုံးတုတွေကိုခုတုံးလုပ်ပြီး
လူတွေရဲ့ အမုန်းကိုဥပေက္ခာပြုတတ်ပါရဲ့
သူတကာကို
အထင်သေး အမြင်သေးတဲ့
အကြည့်နဲ့ ရစရာ မရှိအောင်ဝေဖန်
တတ်သေးရဲ့
အကြံ အဖန်တွေပေါတဲ့
မင်းရဲ့ ချစ်သူဆိုသူများနဲ့ဝေးပြီး
အချစ်စစ်အချစ်မှန် အမြန်တွေ့ပါစေလို့
ဆုတောင်းရင်းပေါ့ ။
(ကဗျာ)
Subscribe to:
Posts (Atom)
-
ာာ ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိ...