Sunday, 21 October 2012
ပျက်စီးသွားတဲ့ အိပ်မက်
တရေးနိုးလို့  နောက်တရေး
ပြန်မှေးအိပ်လို့  ရပေမဲ့
အိမ်မက်ကိုတော့...
ချော့မော့ပြန်ခေါ်လို့ မရဘူး ချစ်ခဲ့ဘူးသူ
အင်အားတွေ အတူပျိုး
အနာဂတ်ကို ငါတို့ ခရီး နှင်ခဲ့တုန်းက
လမ်းတဝက်မှာ ပြန်လှည့်ထွက်သွားတာ မင်းပါ
မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့
ရုပ်တရက် နုတ်ဆက်သွားတဲ့ မင်းကို
ကြင်နာမှိခဲ့သမျှ နာကျင်ခဲ့ရပြီမို့ 
ဒဏ်ရာရ နှလုံးသား
မာထန်သွားခဲ့တာ အဆန်းမှမဟုတ်တာ
ပျက်စီးသွားတဲ့ အိမ်မက်အတွက်
မျှော်လင့်ချက်တွေ အသက်မဲ့ခဲ့မှတော့
အနာဂတ်ကို ငါ တည်ငြိမ်စွာပဲကျောခိုင်းခဲ့တယ်
နင်ပေးခဲ့တဲ့ ဒဏ်ရာတွေကလေ....
နင်မသိသလို နေခဲ့ပေမဲ့
ခံစားရတဲ့ ငါ့အတွက်တော့
သိပ်နာတယ်ဟာ....
တစ်ချိန်ကအတိပ်ဆိုတာ
ကလကာရဲ့နောက် ကွယ်မှာ
သေဆုံးခဲ့ပြီ ချစ်သူ
အသစ်တဖန် ပြန်လည် တမ်းတ မနေပါနဲ့
ငါခွင့်မပြုပဲ နင်ထွက်သွားခဲ့တာပဲ
ခွင့်တောင်းပြီး ပြန်ဝင်လာဖို့ မကြိုးစားပါနဲ့တော့
အိမ်မက်ဆိုတာ....ပျက်စီးသွားပြီးရင်
ချော့မော့ပြန်ခေါ်လို့မှ မရတာ.....
Subscribe to:
Post Comments (Atom)
-
သန်းဖေလေး ကောင်းနိုးရာရာတေးသီချင်းများ 3:36 AM | by myintmyat ၁။ ဂီတဗိမာန် ၂။ ချစ်သ...
No comments:
Post a Comment