Wednesday 22 May 2013

ရသ

မှတ်သား ကျင့်သုံး ဖွယ်ရာများ
လူကုန်ခြင်း တရား ၃ ပါး

အဓမ္မရာဂ

မိထွေး၊ မိကြီး၊ အရီး၊ သူ့မယား စသော မတပ်အပ်သော မိန်းမတို့၌ တပ်ခြင်း အခြားသူတို့၏ မယား မာတုရက္ခိတ စသော ၂၀ ကုန်သော မိန်းမတို့၌ သွားလာ လွန်ကျူးခြင်း

ဝိသမလောဘ

မိမိ ယူထိုက်၊ ရထိုက်၊ ရသင့်သည်သာမက၊ မယူသင့် မရသင့်သည်ကို ကောက်ကျစ်စဉ်းလဲ၍ သော်လည်းကောင်း
နှိပ်စက်လွှမ်းမိုး၍ သော်လည်းကောင်းရအောင်ယူလိုခြင်း

မိစ္ဆာဓမ္မ
ကျင့်အပ်သော သင်္ဂါလောဝါဒသုက် ကျင့်ကောင်းသော
အကျင့်သိက္ခာပုဒ်တို့ကိုမကျင့်
အတိုင်အပင်ကို ဖျက်ဆီးတတ်သော သူ ရှစ်ယောက်

၁။ ရာဂစရိုက်ကြီးသောသူ
၂။ဒေါသစရိုက်ကြီးသောသူ
၃။မိုက်သောသူ
၎။မာနကြီးသောသူ၊
၅။ ကြမ်းကြုတ်သောသူ
၆။ပျင်းရီသောသူ
၇။တစ်ခုတည်းသောအမှုကို တမ်းစွဲ၍ ကြံသည်သောသူ
၈။သူငယ်
မြန်မာ့ရိုးရာ ဒီမိုကရေစီတရား( အပရီဟာနီယ တရား ၇ ပါး )
၁။ စည်းဝေးတိုင်ပင်ခြင်း
၂။ အညီအညွတ်ဆောင်ရွက်ခြင်း
၃။ ဥပဒေအတိုင်း ကျင့်ခြင်း
၎။ လူကြီးသူမတို့၏ အဆုံးအမ၌ တည်ခြင်း
၅။ အမျိုးသမီးများအား မနှိပ်စက်ခြင်း
၆။ မြို့စောင့် ရွာစောင့် နတ်တို့အား ပူဇော်ခြင်း
၇။ ရယန္တာတို့အား စောင့်ရှောက်ခြင်း ............
သမဂ္ဂ အပရိဟာနိယတရား
၁။ စည်းဝေးရာ အရပ်၌ အချိန်ပေး၍စည်းဝေးခြင်း
၂။ အချိန်ပေး၍ ထသွားခြင်း
၃။ ပြုဖွယ်ကိစ္စတို့ကို အလိုရှိရာ သီမြင်သမျှ ပြောဆိုချင်တိုင်း
တစ်ဦးတစ်ယောက်စီပြောဆိုစေ၍၊ အကျိုးရှိရာ ကောင်းရာကို ယူပြီးလျှင်၊
အညီအညွတ် ပြုလုပ်စီရင်ခြင်း၊
၎။ အမှု့ကိစ္စရှိလျှင်လည်း၊ အကပ်အခိုမရှိ၊ တစ်ညီတစ်ညွတ်
လုံးလအားထုတ်ခြင်း

လောကကို စောင့်ရှောက်သော တရား
ဟီရိ = ရှက်ခြင်း

ပညတ် ဟီရီ

ပုဆိုးအ၀တ်ကျွတ်မည်၊ လစ်လပ်မည်ကို ရှက်ခြင်း၊ ကချေသည်မဟုတ်ဘဲ
ကခုန်ရမည်ကိုရှက်ခြင်း၊ဤသို့ လောက၌ ကိုယ်နှင်မသင့် မလျှာ် သည်တို့ကို
ပြုလုပ်ရမည်ဟု ရှက်ခြင်း

ပရမတ် ဟီရီ

အကုသိုလ်ဒုစရိုက်တို့ကို ပြုကျင့်လျှင် သူတော်ကောင်းတို့ ကဲ့ရဲ့မည်ကို ရှက်ခြင်း

သြတ္တပ္ပ = ကြောက်ခြင်း

ပညတ် သြတ္တပ

ဤလောက၌ ပညတ်ထားသော စည်းကမ်းဥပဒေတို့ကို လွန်ကျူးပြုကျင့်မိလျှင်
ဥပဒေအလိုက် စီရင်ခြင်းခံရမည်ကို ကြောက်ခြင်း

ပရမတ် သြတ္တပ

အကုသိုလ် ဒုစရိုက်တို့ ပြုကျင့်သောကြောင့် အပါယ်လေးပါသို့ ကျရောက်မည်ကို
ကြောက်ခြင်း

နှစ်မျိုးလုံးသော "ဟီရီ" ဟူသော ရှက်ခြင်းသည် မိမိကိုယ်ကို စွဲ၍ ဖြစ်သည်.......သြတ္တပ ကြောက်ခြင်းသည် သူတစ်ပါးကို စွဲ၍ ဖြစ်သည်

No comments:

Post a Comment