Tuesday 23 October 2012
လမ်းခွဲဖို့ မတွေးမိတဲ့ ငါ
တနေ့ မှာငါတို့ နှစ်ယောက်ဆုံရမယို့ ပဲမျှော်လင့်ထားတာပါ
ဘယ်တုန်းကမှမင်းနဲ့ ဝေးရမယ်လို့ တောင်....စိတ်ကူးထဲမတွေးမိတဲ့ ငါပါ
နင့်ဘယ်လိုစိတ်ကူးနဲ့ များ....လမ်းခွဲ ဖို့ အကြောငိးတွေ..တွေးနေရတာလဲဟာ
ငါ့ဘဝမပြည့်စုံတာမှန်ပါတယ်......ကောင်မလေးရယ်မင်းလိုတာက
မေတ္တာအစစ်ပါဆိုကွာ...ငွေကြေးဥစ္စာ.
.ဂုဏ်ဒြပ်တွေမပါတဲ့ ငါ့ကိုချစ်တာပါလို
ခုတော့ငွေကြေးဥစ္စာဆိုတာကနင့်နဲ့ ဝေးဖို့ .
...ကြားခံတံတိုင်းတစ်ခုဖြစ်နေခဲ့ ရပြီပေါ့ကွယ်......
Sunday 21 October 2012
ကာရံမညီသောကဗျာ
နုံအလို့  ယုံကြည်ပေးခဲ့တာမဟုတ်ဘူး နင်အောင်လံထူနိုင်ဖို့ ခက်ပြုံးပြုံးလေးခေါင်းညိတ်ပေးခဲ့ရုံပါ လိမ်လို့ ဝပြီလား လိမ်ရချင်းရဲ့အောင်မြင်မှုကို စားသုံးပြီးရင် နင် သိပ်ပျော်တယ်ဟုတ် ကျေနပ်ပြီးရင်းကျေနပ်နေတဲ့ မင်းရဲ့အောင်မြင်မှုအတွက် ငါ လက်ခုတ်တီးပေးမယ် လိမ်ပါ ညာပါ နင်ကျေနပ်တဲ့ထိ ငါအလိမ်ခံနေမယ် ကျေနပ်ပြီဆိုရင်လည်း နောက်တစ်ယောက်ကို ဆက်လိမ်ပါအုံး ကျေကွဲခြင်းတစ်ချို့သယ်ဆောင်ပြီး ငါကတော့နောင်တတွေနဲ့ဝေးနေသေးတယ် လွယ်လွယ်ကူကူမမုန့်းတက်တော့ လှည့်စားရက်သူ မင်းရဲ့အပြုံးတွေအောက်မှာ ငါကတစ်ထောင့်တစ်ညသားကောင်ပေါ့ဟာ အရာရာ အရှုံးပေးခဲ့ရတော့ ကျရှုံးခြင်းကိုတောင် အရေထူထူနဲ့ ခံယူတက်နေပြီ အပင်ပင်လိမ်နေတဲ့နင့်ကကြိုးအတွက် ခဏလောက်ပြန်သုံးသပ်စမ်းပါ အရှုံးပေးလိုက်သူတစ်ယောက်ရဲ့ မာနက အရာရာ ထက် ထက်မြတ်တာနင်သိလား ကျရှုံးခြင်းမှာ နာကျင်မှုရှိချင်ရှိမယ် အရှုံးပေးချင်းမှာ နောင်တမရှိဘူးဟ နင်ကတော့အစိတ်တွေကို ပီတီတွေနဲ့ အရောင်တင်ထားတုန်းဘဲ သတိတော့ထားပေါ့ဟာ သားကောင်တွေ့တိုင်းထောင်ခြောက်ဆင်မနေနဲ့ ကိုယ့်ကြော့ကွင်းနဲ့ကိုယ်လည်းပြန် ပြန်ငြိနေအုံးမယ်...
ပျက်စီးသွားတဲ့ အိပ်မက်
တရေးနိုးလို့  နောက်တရေး ပြန်မှေးအိပ်လို့  ရပေမဲ့ အိမ်မက်ကိုတော့... ချော့မော့ပြန်ခေါ်လို့ မရဘူး ချစ်ခဲ့ဘူးသူ အင်အားတွေ အတူပျိုး အနာဂတ်ကို ငါတို့ ခရီး နှင်ခဲ့တုန်းက လမ်းတဝက်မှာ ပြန်လှည့်ထွက်သွားတာ မင်းပါ မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ရုပ်တရက် နုတ်ဆက်သွားတဲ့ မင်းကို ကြင်နာမှိခဲ့သမျှ နာကျင်ခဲ့ရပြီမို့  ဒဏ်ရာရ နှလုံးသား မာထန်သွားခဲ့တာ အဆန်းမှမဟုတ်တာ ပျက်စီးသွားတဲ့ အိမ်မက်အတွက် မျှော်လင့်ချက်တွေ အသက်မဲ့ခဲ့မှတော့ အနာဂတ်ကို ငါ တည်ငြိမ်စွာပဲကျောခိုင်းခဲ့တယ် နင်ပေးခဲ့တဲ့ ဒဏ်ရာတွေကလေ.... နင်မသိသလို နေခဲ့ပေမဲ့ ခံစားရတဲ့ ငါ့အတွက်တော့ သိပ်နာတယ်ဟာ.... တစ်ချိန်ကအတိပ်ဆိုတာ ကလကာရဲ့နောက် ကွယ်မှာ သေဆုံးခဲ့ပြီ ချစ်သူ အသစ်တဖန် ပြန်လည် တမ်းတ မနေပါနဲ့ ငါခွင့်မပြုပဲ နင်ထွက်သွားခဲ့တာပဲ ခွင့်တောင်းပြီး ပြန်ဝင်လာဖို့ မကြိုးစားပါနဲ့တော့ အိမ်မက်ဆိုတာ....ပျက်စီးသွားပြီးရင် ချော့မော့ပြန်ခေါ်လို့မှ မရတာ.....
လေ့လာစရာများ
တိတ်တခိုးနဲ့ မြတ်နိုးသူ
စိတ်မဆိုးနဲ့တော့ချစ်သူ
တိတ်တခိုးချစ်ခဲ့ရသူမို့
နင်စိတ်ဆိုးလို့ မုန်းခဲ့ရင်တောင်မှ
အပြုံးနဲ့နှုတ်ဆက်နေပါ့မယ်.......
တသက်မှာတစ်ယောက်တည်းပေမို့
တခေါက်နားတယ်လို့တော့မဆိုလိုက်ပါနဲ့
အငိုရှိုက်လို့မိုက်တတ်သူပါ..........
နင်မမုန်းရင်ကျေနပ်တယ်ဆိုတဲ့အပြုံးနဲ့
စိတ်လည်းဒုံးဒုံးချခဲ့တယ်......
ဘ၀ခက်တယ်လို့ပြောမထွက်ခဲ့ပေမယ့်
တကယ်တမ်းတော့လှရက်သူရယ်.......
မာနလေးတော့မဖက်လိုက်ပါနဲ့
အလိုက်သိမယ့်သူကမောင်ရယ်ပါ..........
နင်ပြုံးရင်အပျော်ဆုံးသူမို့
သခင်ရယ်.........
မင်းပြုံးလှည့်ဦး............။