Saturday 1 December 2012
ဖလက်သီချင်းအတွက် ကိုယ်ပိုင်မောက်အဖက်လုပ်နည်း
SWiSH Max4 icon ကို open လုပ်ပါ default  တွင်ထားပါ
Components ကိုနိုပ် ပါ ... Effects ကို နိုပ်ပါ 2D ကိုနိုပ်ပါ
MouseFollower ကို Open ပါ... Outline ကိုနိုပ်ပါ
Scene_1 ကိုနိုပ်ပါ + mousefollower ကိုနိုပ်ပါ
+container ကိုနိုပ်ပါ Arrow မြှားပုံလေးပေါ်လိမ့်မည်
Arrow မြှားပုံပေါ်သို့ မောက်ဖြစ် တစ်ချက်ထောက်ပါ
ကီးဘုတ်မှ Delete ကီးကိုနိုပ်ပီး ဖျက်လိုက်ပါ
ပရောဂျက်စာမျက်နှာ ပေါ်တွင် မြှားပုံလေးပျောက်သွားပြီး
ရုပ်ရှင်ပုံစံလေး ထင်ကျန်ခဲ့တာကို တွေ့ရလိမ့်မည်....
Insert  ကိုနိုပ်ပါ Import  Image ကိုနိုပ်ပါ ပြီးလျှင် မိမိထည့်ချင်သော
ပုံကို ထည့်ပါ .....
Import ဘောက်တစ်ခုကျလာမည် Import ကိုနိုပ်ပါ
Tools Box မှ Selection tool ကိုရွေးပါ ပြီးလျှင်ကိုယ်ထည့်ထားသောပုံပေးတွင်
တစ်ချက်ထောက်ပါ ပုံဆိုဒ် အကြီးအသေးကို နှစ်သက်သလိုပြောင်းပါ
ပြီးလျှင် ကျတော်တို့ အဖက်ထည့်ရအောင်
Insert ကိုနိုပ်ပါ Effect ကိုနိုပ်ပါ ကျတော်ကတော့ Zoom In ကိုရွေးပါမည် သူငယ်ချင်းတို့
ကြိုက်နှစ်သက်ရာအဖက်များဖြစ် စမ်းသပ်နိုင်ပါသည်
အဖက်အတိုအရှည်ကို TimeLine အတွင်းရှိ အဖက်အားကိုယ်လိုသလို အတိုးလျှော့လုပ်နိုင်
ပါသည်။
ပြီးလျှင် ပထမထည့်ထားသော အဖက်နှင့်အနည်းငယ်ကွာပြီး
Zoom Out အဖက်တစ်ခုထပ်ထည့်ပါမည်
မည့်သည့်မောက်အဖက်လုပ်လုပ် Out အဖက်တစ်ခုခု
ဖြစ်အဆုံးသတ်ထည့်ပေးရမည်ဖြစ်သည်။
ပုံနေရာတွင် စာထည့်ချင်လျှင်လည်း ပုံအစားစာရိုက်ထည့်ပါ
SWiSH Max4 ကို open လုပ်ပါ default  တွင်ထားပါ
Components ကိုနိုပ် ပါ ... Effects ကို နိုပ်ပါ 2D ကိုနိုပ်ပါ
MouseFollower ကို Open ပါ... Outline ကိုနိုပ်ပါ
Scene_1 ကိုနိုပ်ပါ + mousefollower ကိုနိုပ်ပါ
+container ကိုနိုပ်ပါ Arrow မြှားပုံလေးပေါ်လိမ့်မည်
Arrow မြှားပုံပေါ်သို့ မောက်ဖြစ် တစ်ချက်ထောက်ပါ
ကီးဘုတ်မှ Delete ကီးကိုနိုပ်ပီး ဖျက်လိုက်ပါ
ပရောဂျက်စာမျက်နှာ ပေါ်တွင် မြှားပုံလေးပျောက်သွားပြီး
ရုပ်ရှင်ပုံစံလေး ထင်ကျန်ခဲ့တာကို တွေ့ရလိမ့်မည်....
Tools Box မှ T ပုံစံ tool ကိုရွေးပါ ပြီးလျှင်ပရောဂျက်စာမျက်နှာမှ
ရုပ်ရှင်ပုံစံ အကွက်ပေါ်သို့ တစ်ချက်ထောက်ပါ ရုပ်ရှင်ပုံစံ အကွက်လေးပျောက်ပီး
စာရိုက်ရန်အသင့်ဖြစ်နေတာကိုတွေ့ရလိမ့်မည်။
ကြိုက်နှစ်သက်ရာ စာရိုက်ပြီး အဖက်ထည့်ပါ အဖက်ထည့်ပုံမှာ
အပေါ်တွင်ရေးထားခဲ့သလို
အဆင့်ဆင့်ထည့်သွားပါ...Rainbow ကာလာလိုချင်ပါက
Inset>Effect>Looping continuously>Wind-Rainbow
ကိုနိုပ်ပြီး အဆင့်ဆင့်ထည့်သွားပါ မည့်သည့်ကြိုက်နှစ်သက်ရာ အဖက်ကိုသုံးသုံး
အဆုံးသတ်တွင် Out တစ်ခုခုတော့ထည့်ပေးရမည်သာဖြစ်သည်...။
ကဲကျတော်တို့ ကိုယ်လိုချင်တဲ့အဖက်လေးတစ်ခု ရပြီဆိုပါတော့ Save ရအောင်နော်
File ကိုနိုပ်ပါ  Save As ကိုနိုပ်ပါ ကိုသိမ်းချင်တဲ့နေရာကိုရွေးပါ
File name နေရာတွင် ကြိုက်နှစ်သက်ရာအမည်ပေးပါ ပြီးလျှင် Save ကိုနိုပ်ပြီး
သိမ်းဆည်းနိုင်ပါပြီ...။ သူငယ်ချင်းလိုတဲ့အချိန်မှာ
ကိုယ်တိုင်လုပ်မောက် အဖက်လေးတစ်ခုကိုအသုံးပြုနိုင်
ပြီဖြစ်ပါပြီ....။
ကျတော်သည် ၀ါသနာရှင်သူငယ်ချင်းများကိုတတ်စေချင်သည့်
ဆန္ဒကြောင့်သာ
ရေးသားထားခြင်းဖြစ်ပါသည် ကျတော်ရေးသားမူ့ကို နားမလည်ပါက
ခွင့်လွှတ်နားလည်စေချင်ပါသည်
ကျတော်သည် စာရေးဆရာမဟုတ်သည့်အတွက်
အတတ်နိုင်ဆုံးနားလည်သဘောပေါက်လွယ်အောင်
ကြိုးစားရေးသားထားပါသည်..
ဖတ်ပြီးနားမလည်သည့် သူများလည်း skysoehtike@gmail.com သို့မေးမြန်းနိုင်ပါသည် .... ။
အဆင်ပြေအောင်မြင်နိုင်ကြပါစေ လို့လည်းဆုတောင်းပါတယ်။
လူတိုင်းကိုတတ်စေချင်ပါသည် ကိုယ်သိသလိုသူများလည်းသိစေချင်ပါသည် ......
Friday 30 November 2012
usb thumb drive သုံးပြီးပြီ window install လုပ်မယ်
windows အသစ်တင်ခါနီးကြရင် cd/dvd drive တွေ မကောင်းလို့ စိတ်ညစ်ရတာမျိုးတွေ ကြုံဖူးကြမှာပါ။ နောက်တခါ တစ်ချို့ netbook တွေမှာ cd/dvd drive တွေ မပါလာတာမျိုးတွေ လည်းရှိတတ်ပါတယ်။ အဲဒီလို အခြေနေတွေ ကြရင် usb thumb drive ကို အသုံးပြုပြီးတော့ ကိုယ့်စက်ထဲကို windows install လုပ်လို့ရပါတယ်။ usb thumb drive ရဲ့ ပမာဏ အနည်းဆုံး 4G ဖြစ်ရပါမယ်။ usb thumb drive ကို format လုပ်ရမှာ ဖြစ်တဲ့အတွက် ဒေတာတွေကိုတော့ တနေရာမှာ ကူးယူထားဖို့ လိုအပ်ပါတယ်။ အောက်မှာ ပြုလုပ်တဲ့အဆင့်တွေက Windows 7 တင်ထားတဲ့ စက်မှာ ပြုလုပ်တာပါ။ install
လုပ်မယ့် windows ကလည်း windows 7 ပါပဲ။
. usb thumb drive ကို စက်ထဲမှာထိုးလိုက်ပါ။ ပြီးရင် Start menu > All
programs > Accessories ထဲကနေ Command Prompt ပေါ်မှာ right click
နှိပ်ပြီးတော့ Run as administrator ကို ရွေးလိုက်ပါ။ ဒါဆိုရင်တော့
Command Prompt ကျလာမှာ ဖြစ်ပါတယ်။
၂. အဲဒီ Command Prompt ထဲမှာ DISKPART လို့ ရိုက်ပြီး Enter နှိပ်ပါ။
နောက်ထပ် Console window တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ အောက်က
အဆင့်အတိုင်း လုပ်ပါ။
၃. ပြီးရင် LIST DISK လို့ရိုက်ပြီး Enter နှိပ်ပါ။ ကိုယ့်ရဲ့ စက်ထဲမှာ
ရှိတဲ့ disk တွေ အကုန်ပြပါလိမ့်မယ်။ အဲဒီမှာ သေချာ ကြည့်ပါ။ ကိုယ့် us
thumb drive ရဲ့ နံပါတ်က ဘယ်လောက်လည်းဆိုတာ။ ကျွန်တော့်စက်မှာဆိုရင် DISK
0 က Hardisk ပါ။ DISK 1 က usb thumb drive ပါ။ ဘေးမှာ disk size ကို
ပြထားတဲ့အတွက် အလွယ်တကူခွဲလို့ရပါတယ်။
၎. usb thumb drive ရဲ့ disk no ကို သိပြီဆိုရင် SELECT DISK 1
လို့ရိုက်ပါ။ (ကျွန်တော့်စက်မှာ usb thumb dirve က DISK 1 မလို့ SELECT
DISK 1 လို့ရိုက်တာပါ။ တကယ်လို့ ကိုယ့်စက်မှာ တခြား disk no ဆိုရင် အဲဒီ
နံပါတ် အလိုက်ရိုက်ပေးရမှာပါ)
၅. ပြီးရင်တော့ အောက်က အဆင့်တွေ အတိုင်း ရိုက်ပေးရမှာပါ။
CLEAN
CREATE PARTITION PRIMARY
SELECT PARTITION 1
ACTIVE
FORMAT FS=NTFS ( usb drive ကို format လုပ်တာပါ။ မိနစ် အနည်းငယ် စောင့်ရပါတယ်)
ASSIGN
EXIT (DISKPART Console ကနေ ထွက်တာပါ။ မူလ Command Prompt ကတော့
ကျန်နေပါသေးတယ်။ အဲဒီ command prompt ကို မပိတ်သေးပါနဲ့ )
၆. အပေါ်က အဆင့် ပြီးရင်... DVD drive ကောင်းတဲ့ စက်တစ်လုံးထဲမှာ windows
7 ခွေကို ထည့်။ ပြီးရင် အဲဒီခွေထဲက BOOTSECT.EXE ကို အသုံးပြု ပြီးတော့
usb thumb drive ကို bootable ဖြစ်အောင် လုပ်ရပါမယ်။ ကောင်းတာကတော့ အပေါ်က
အဆင့်တွေကိုလည်း DVD Drive ကောင်းတဲ့ စက်တစ်လုံးလုံးမှာ
ပြုလုပ်သင့်ပါတယ်။ usb thumb drive ကို ဖြုတ်လိုက် တပ်လိုက်
လုပ်စရာမလိုတော့ဘူးပေါ့။ ပြီးရင် Command Prompt ထဲကနေ အောက်က Command
တွေကို ရိုက်ပါ။
CD \
D: (DVD drive letter ကို ရိုက်ပေးရမှာပါ။ ကျွန်တော့်စက်မှာ dvd drive က
D ဖြစ်နေလို့ပါ။)
CD BOOT
BOOTSECT.EXE /NT60 H: (ကျွန်တော့်စက်မှာ thumb drive letter က H ပါ။
အဲဒီနေရာမှာ ကိုယ့် thumb drive letter ကို ရိုက်ပေးရမှာပါ။)
၇. အပေါ်က အဆင့်တွေ အားလုံး ပြီးသွားပြီဆိုရင် ကိုယ့် usb thumb drive က
bootable drive ဖြစ်သွားပါပြီ။ နောက်အဆင့် အနေနဲ့ windows 7 ကို usb
thumb drive ထဲကို ကူးထည့်ပေးရမှာပါ။ DVD drive ကောင်းတဲ့
စက်တစ်လုံးထဲမှာ windows 7 ခွေကို ထည့် ပြီးရင် အဲဒီ ခွေထဲ အားလုံးကို
ခဏနေက usb thumb drive ထဲကို ကူးထည့်လိုက်ရုံပါပဲ။ အဲဒါဆိုရင်တော့
bootable ဖြစ်တဲ့ Windows 7 ပါတဲ့ usb thumb drive တစ်ခု ကို ရမှာပါ။
၈. ကိုယ် windows တင်မယ့် စက်ရဲ့ bios ထဲမှာ first boot ကို usb drive
ကို ထားပေးရပါမယ်။ ပြီးရင် usb thumb drive ကို အသုံးပြုပြီးတော့ windows
တင်လို့ ရပါပြီ။
တစ်ခြား Windows အတွက်တော့ အနည်းငယ် အပြောင်းလဲ ရှိမယ် ထင်ပါတယ်။ Windows
7 တော့ အိုခေပါတယ်။
Thursday 22 November 2012
မမျှော်လင့်တော့ပါဘူး
မေတ္တာငက်နေတာမဟုတ်ပါဘူး 
မေတ္တာပေးနေသူတွေ အများကြီးထည်းက 
နင့်တစ်ယောက်တည်းရဲ့မေတ္တာကို ငါလိုအပ်တာ 
အချစ်ရဲ့ကျေးကျွန် မဟုတ်ပါဘူး 
ငါ့နှလုံးသားရဲ့ဆန္ဒအရ နင့်ရှေ့ ဒူးထောက်ခဲ့တာ 
အတ္တ္တနဲ့ပျော်မွေ့သူမဟုတ်ပါဘူး 
နင့်ကိုဆုံးရှုံးမှာကြောက်လို့ တစ်ခါတစ်လေ 
အတ္တ္တကြီးခဲ့တာ.... 
အခုတော့ငါသိလိုက်ပြီ.... 
အချစ်ဆိုတာ နှလုံးသားချင်းမနီးစပ်ရင် 
ဘယ်လောက်နီးနီး အမြဲဝေးနေတက်တယ် 
နင်ဟာငါ့နှလုံးသားပါ.....ဒါပေမယ့်လေညှင်းလေးပေါ့ 
ရှုပ်တရက်ရိုက်ခက်လာပြီးမှ အဝေးကိုလွင့်ပျယ်သွားတာ 
ဘယ်တော့ဖမ်းဆုပ်လို့ မရခဲ့ဘူး 
ဘယ်တော့မှဖမ်းဆုပ်ဖို့လည်းမကြိုးစားတော့ဘူး 
လိုရာအရပ်ကိုခရီးဆက်ပါ 
တခဏနာတာ အေးမြစေတဲ့လေညှင်း 
ထာဝရမှမဟုတ်ပဲလေ..... 
ငါမမျှော်လင့်တော့ပါဘူး..... 
်facebook ကတက်လာတဲ့သတင်း - MYANMAR LOCAL NEWS
်facebook ကတက်လာတဲ့သတင်း - MYANMAR LOCAL NEWS
Saturday 10 November 2012
အနက်ရောင်အိပ်မက်များ
လွမ်းမောခြင်းများ
ရေပြင်ညီ ညှိရင်း
နေ့ တစ်နေ့ ဟာ
မြစ်တစ်စင်းထဲ ခုန်ချသွားသလို
လ မဲ့ ညများ
ကြယ် ပုန်း ညဥ့်များ
တိတ်ဆိတ်မှု တစ္ဆေ၇ဲ့ ခြောက်လှန့်မှု
နတ်ဘုရားတို့ ရေ
ဘယ်ဆီကို ခရီးလွန်နေသလဲ
အိပ်မက်တစ်ပုဒ်နဲ့ ပဲ
ဘ၀က အမှောင်ကျပြီးဆုံးတော့မယ်
အလည်လွန်အတွေးစများကို
ပြန်လည် ရုတ်သိမ်းပေးလှည့်ပါတော့
ညတာများရှည်လွန်း တာ
ဟောဒီ
မြို့ လေးအတွက်
သိပ်မကောင်းလှဘူး.။
Huawei T8620 အတွက် Root ရပါပြီ………
Huawei T8620 အတွက် Root ရပါပြီ………
Share This
Tags
MMAS ကိုရောက်ရောက်ခြင်းပဲ အားလုံးအတွက် Post လေးတွေရေးပေးလိုက်ပါတယ်….. :D
Huawei တွေအတွက်… Root ကတော့ပုံမှန်ရနေတာပါပဲ။
T8620 ကိုပဲ အရင် Root ဖောက်ကြတာပေါ့နော်……
T8620 Root.rar (DropBox)
T8620 Root.rar  (mediafire)
Password: phyochan
ပြီးရင်တော့ Rar ဖိုင်ကို Extract လုပ်လိုက်ပါ။
.bat ဖိုင်လေးကိုတွေ့ပါလိမ့်မယ်….
Run လိုက်ပါ…..
ပြီးရင်တော့ ပထမဆုံး Reboot တစ်ခါကျသွားပါလိမ့်မယ်…..
လုံးဝပြန်တက်လာတဲ့အထိစောင့်လိုက်ပါ။
ပြီးရင်တော့ Enter တစ်ချက်လောက်ထပ်ခေါက်လိုက်ပါ။
Reboot တစ်ခုထပ်ကျသွားပါလိမ့်မယ်…..
ပြန်တက်လာတဲ့အထိစောင့်ပါ။
Enter တစ်ချက်ထပ်ခေါက်ပါ။
Reboot ပြန်ကျသွားပါလိမ့်မယ်……
၃ခါလောက် Reboot ကျသွားပြီးပြန်တက်လာရင်တော့ Root ရပါပြီ…..
OK မှာ စိုပြေသွားပါလိမ့်မယ်…… :D
မူပိုင်ဖိုးချမ်း(ပြန်လည်မျှဝေသည် )
စွန့် လွှတ်မှု့ အကြောင်း
အတုံ့အလှည့် လို့ မစွတ်စွဲပါနဲ့
အသွားအပြန်ပါဟာ
အတုံ့ အလှည့်ဆိုရအောင်
ငါဘယ်တုန်းက အနိုင်ယူခဲ့ဘူးလို့ လည်း
နင်ကြားဖူးမှာပေါ့မေတ္တာဆိုတာ
ရောင်ပြန်ဟတ်တယ်တဲ့
ငါဟတ်ခဲ့တဲ့ မေတ္တာအရောင်တွေကို
နင်မှမယူတက်ခဲ့တာ
တန်ဖိုးထားတယ်ဆိုတာ
ဝေးသွားမှ မဟုတ်ဘူး
အနီးမှာတည်းက ဂရုစိုက်ခဲ့သင့်တာ
ငါထားခဲ့တာမဟုတ်ဘူး
နင် မလိုအပ်တော့လို့  ရှောင်ပေးခဲ့တာပါ
မျက်ရည်တွေနဲ့ ငါ့ရှေ့ ခေါင်းငုံ့မထားပါနဲ့
ငါပြန်မလာတော့တာ မာနတွေကြောင့်မဟုတ်ဘူး
ဆုံးရှုံးဘူးတဲ့ငါ့အချစ်တွေကို
ကုစားရင်း နှလုံးသားထည်းကနင့်ကို
အပြီးအပိုင် စွန့်လွှတ်ပြီးပြီမို့ ပါ....
Sunday 4 November 2012
ရည်စူးမဲ့ ကာရံ
လှစ်ဟပြခွင့် မရှိတဲ့
အိမ်မက်တခု တမ်းချင်းမှာ
ညနက်နက်တွေမလိုတော့ပါဘူး
မ လို တော့ ပါ ဘူး။
တောင်းဆိုခွင့် မရှိတဲ့
နှလုံးသားတခု ဆန္ဒမှာ
စကားလုံးလှလှတွေ မလိုတော့ပါဘူး
မ လို တော့ ပါ ဘူး။
နီးစပ်ခွင့် မရှိတဲ့
ဘ၀တခု အဆုံးမှာ
အလွမ်းပြင်းပြင်းတွေ မလိုတော့ပါဘူး
မ လို တော့ ပါ ဘူး။
ရည်စူးခွင့်မရှိတဲ့
ကဗျာတစ်ပုဒ် ကာရံမှာ
ကကြိုးလှလှတွေ မလိုတော့ပါဘူး
မ လို တော့ ပါ ဘူး ။
ဖွဲသိခဲ့ သောချစ်ခြင်း
ရင်မှပေါက်ဖွား
ချစ်ပန်းတပွင့်အား
သူ သိစေဖို့ငှာ
မလန်းဝံ ၊ မငံ့ဝံ
သြော် တရာသီ လွန်ခဲ့ပြီ ။
နှလုံးသားဖြင့် ခံစား
ကဗျာပန်းချီအား
သူ မြင်စေဖို့ငှာ
မှုံးခြယ်ဖွဲ့သီ
သြော် မိုးညတွေဆက်ကုန်ပြီ ။
မျှော်လင့်စောင့်စား
ချစ်ခြင်းတရားအား
သူ ငဲ့စေဖို့ငှာ
နှလုံးသား မှတပါး
သြော် အခြားမရှိပြီ ။
ဖူးစာဖက်
** နားလည်မှုများ
    ရင်မှာထားကာ
** သစ္စာရှိမှု
    အစဉ်သတိပြု၍
** မေတ္တာထုံလွှမ်း
   အနာဂါတ်လမ်းမှာ
** လောကဓံတရား
   ဘယ်ခါကြမ်းလည်း
** လက်တွဲခိုင်ခန့်
    တူယှဉ်လျှောက်မယ့်
** ချစ်ခြင်းစုံမက်
    " ဖူးစာဘက် "  တွေဖြစ်ချင်တယ်...... ..ကို..။
Saturday 3 November 2012
အသဲကွဲနေသောကောင်မလေးသို့ 
တစ်ခါတုန်းက
ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ……..
“ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ”
ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က
“ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား”
ဟုမေးလိုက်လေ၏ ။
နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။
ဘုရားသခင်ကဆက်ပြောပြသည် ။
ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး….
“ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင်
ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး
ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင်
စွမ်းဆောင်ပေးနိုင်တယ် ”
ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။
ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။
“လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် …… မဖြစ်နိုင်တာ .”
ဟုပြောပြီးခေါင်းခါနေပြန်၏ ။
ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး …
“ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား”
ဟုထပ်မေးပြန်၏ ။
“ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်”
ဘုရားသခင်က ဆက်ပြောပြန်၏ ။
“ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ ”
“………..”
“နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။
နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။
“နူးညံ့လွန်းလှချည်လား
“ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်”
“သူမကတွေးတတ်လား”
ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။
“တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်”
နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏
“ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး”
“ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်”
“ဘာအတွက်လဲ”
“သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ”
ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။
“သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး
ဖြစ်လာပါလိမ့်မယ်”
ဟုဆိုလိုက်သည် ။
ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။
“ဟုတ်တယ် … လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်”
“သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်”
“အဲ့ဒီလောက်တောင်ပဲလား”
“ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ”
“အို”
“သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ
့နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး”
“သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်”
နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။
“သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ …. သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ်
ပြောင်းလဲအသုံးပြုတတ်သေးတယ်”
“…………”
“အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်”
“ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်”
“ဘယ်လို”
နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏
“ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ”
“ဘာချို့ ယွင်းချက်လဲ”
“သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်”
“ဟင်”
“နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်”
ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။
ပုံပြင်အဆုံး
ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို
့မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး..
စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့
အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ
အားတင်းပြီးအသည်းကွဲမနေပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီ
းဆက်ဆံလိုက်ပါလို့ …ပြောကြားရင်း …. .
မျှော်လင့်သူလွမ်း
ချစ်ခြင်းမတူဂုဏ်ရည်မမျှ..
ဒီဘဝချစ်ကိုလွမ်းတမ်းတဖြည်မဆည်...
 မျှော်ကာအလွမ်းး...ရင်မှာနွမ်းလှ.....
ဒီလူ..ဘဝကို..အကြင်နာလက်ကမ်း...
လှမ်းလင့်လို့ စီးကြိုချွေးသိပ်နားခို...
မျှော်ရည်မှန်းစ နွမ်းလှဒီရင်..
သခင်မျက်နှာငေါ်မောတမ်းတလွမ်းလှမိသည်....
သခင်ဖေးကူလို့ ..ပေးလှည်ပါလေ
Tuesday 23 October 2012
လမ်းခွဲဖို့ မတွေးမိတဲ့ ငါ
တနေ့ မှာငါတို့ နှစ်ယောက်ဆုံရမယို့ ပဲမျှော်လင့်ထားတာပါ
ဘယ်တုန်းကမှမင်းနဲ့ ဝေးရမယ်လို့ တောင်....စိတ်ကူးထဲမတွေးမိတဲ့ ငါပါ
နင့်ဘယ်လိုစိတ်ကူးနဲ့ များ....လမ်းခွဲ ဖို့ အကြောငိးတွေ..တွေးနေရတာလဲဟာ
ငါ့ဘဝမပြည့်စုံတာမှန်ပါတယ်......ကောင်မလေးရယ်မင်းလိုတာက
မေတ္တာအစစ်ပါဆိုကွာ...ငွေကြေးဥစ္စာ.
.ဂုဏ်ဒြပ်တွေမပါတဲ့ ငါ့ကိုချစ်တာပါလို
ခုတော့ငွေကြေးဥစ္စာဆိုတာကနင့်နဲ့ ဝေးဖို့ .
...ကြားခံတံတိုင်းတစ်ခုဖြစ်နေခဲ့ ရပြီပေါ့ကွယ်......
Sunday 21 October 2012
ကာရံမညီသောကဗျာ
နုံအလို့  ယုံကြည်ပေးခဲ့တာမဟုတ်ဘူး နင်အောင်လံထူနိုင်ဖို့ ခက်ပြုံးပြုံးလေးခေါင်းညိတ်ပေးခဲ့ရုံပါ လိမ်လို့ ဝပြီလား လိမ်ရချင်းရဲ့အောင်မြင်မှုကို စားသုံးပြီးရင် နင် သိပ်ပျော်တယ်ဟုတ် ကျေနပ်ပြီးရင်းကျေနပ်နေတဲ့ မင်းရဲ့အောင်မြင်မှုအတွက် ငါ လက်ခုတ်တီးပေးမယ် လိမ်ပါ ညာပါ နင်ကျေနပ်တဲ့ထိ ငါအလိမ်ခံနေမယ် ကျေနပ်ပြီဆိုရင်လည်း နောက်တစ်ယောက်ကို ဆက်လိမ်ပါအုံး ကျေကွဲခြင်းတစ်ချို့သယ်ဆောင်ပြီး ငါကတော့နောင်တတွေနဲ့ဝေးနေသေးတယ် လွယ်လွယ်ကူကူမမုန့်းတက်တော့ လှည့်စားရက်သူ မင်းရဲ့အပြုံးတွေအောက်မှာ ငါကတစ်ထောင့်တစ်ညသားကောင်ပေါ့ဟာ အရာရာ အရှုံးပေးခဲ့ရတော့ ကျရှုံးခြင်းကိုတောင် အရေထူထူနဲ့ ခံယူတက်နေပြီ အပင်ပင်လိမ်နေတဲ့နင့်ကကြိုးအတွက် ခဏလောက်ပြန်သုံးသပ်စမ်းပါ အရှုံးပေးလိုက်သူတစ်ယောက်ရဲ့ မာနက အရာရာ ထက် ထက်မြတ်တာနင်သိလား ကျရှုံးခြင်းမှာ နာကျင်မှုရှိချင်ရှိမယ် အရှုံးပေးချင်းမှာ နောင်တမရှိဘူးဟ နင်ကတော့အစိတ်တွေကို ပီတီတွေနဲ့ အရောင်တင်ထားတုန်းဘဲ သတိတော့ထားပေါ့ဟာ သားကောင်တွေ့တိုင်းထောင်ခြောက်ဆင်မနေနဲ့ ကိုယ့်ကြော့ကွင်းနဲ့ကိုယ်လည်းပြန် ပြန်ငြိနေအုံးမယ်...
ပျက်စီးသွားတဲ့ အိပ်မက်
တရေးနိုးလို့  နောက်တရေး ပြန်မှေးအိပ်လို့  ရပေမဲ့ အိမ်မက်ကိုတော့... ချော့မော့ပြန်ခေါ်လို့ မရဘူး ချစ်ခဲ့ဘူးသူ အင်အားတွေ အတူပျိုး အနာဂတ်ကို ငါတို့ ခရီး နှင်ခဲ့တုန်းက လမ်းတဝက်မှာ ပြန်လှည့်ထွက်သွားတာ မင်းပါ မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ရုပ်တရက် နုတ်ဆက်သွားတဲ့ မင်းကို ကြင်နာမှိခဲ့သမျှ နာကျင်ခဲ့ရပြီမို့  ဒဏ်ရာရ နှလုံးသား မာထန်သွားခဲ့တာ အဆန်းမှမဟုတ်တာ ပျက်စီးသွားတဲ့ အိမ်မက်အတွက် မျှော်လင့်ချက်တွေ အသက်မဲ့ခဲ့မှတော့ အနာဂတ်ကို ငါ တည်ငြိမ်စွာပဲကျောခိုင်းခဲ့တယ် နင်ပေးခဲ့တဲ့ ဒဏ်ရာတွေကလေ.... နင်မသိသလို နေခဲ့ပေမဲ့ ခံစားရတဲ့ ငါ့အတွက်တော့ သိပ်နာတယ်ဟာ.... တစ်ချိန်ကအတိပ်ဆိုတာ ကလကာရဲ့နောက် ကွယ်မှာ သေဆုံးခဲ့ပြီ ချစ်သူ အသစ်တဖန် ပြန်လည် တမ်းတ မနေပါနဲ့ ငါခွင့်မပြုပဲ နင်ထွက်သွားခဲ့တာပဲ ခွင့်တောင်းပြီး ပြန်ဝင်လာဖို့ မကြိုးစားပါနဲ့တော့ အိမ်မက်ဆိုတာ....ပျက်စီးသွားပြီးရင် ချော့မော့ပြန်ခေါ်လို့မှ မရတာ.....
လေ့လာစရာများ
တိတ်တခိုးနဲ့ မြတ်နိုးသူ
စိတ်မဆိုးနဲ့တော့ချစ်သူ
တိတ်တခိုးချစ်ခဲ့ရသူမို့
နင်စိတ်ဆိုးလို့ မုန်းခဲ့ရင်တောင်မှ
အပြုံးနဲ့နှုတ်ဆက်နေပါ့မယ်.......
တသက်မှာတစ်ယောက်တည်းပေမို့
တခေါက်နားတယ်လို့တော့မဆိုလိုက်ပါနဲ့
အငိုရှိုက်လို့မိုက်တတ်သူပါ..........
နင်မမုန်းရင်ကျေနပ်တယ်ဆိုတဲ့အပြုံးနဲ့
စိတ်လည်းဒုံးဒုံးချခဲ့တယ်......
ဘ၀ခက်တယ်လို့ပြောမထွက်ခဲ့ပေမယ့်
တကယ်တမ်းတော့လှရက်သူရယ်.......
မာနလေးတော့မဖက်လိုက်ပါနဲ့
အလိုက်သိမယ့်သူကမောင်ရယ်ပါ..........
နင်ပြုံးရင်အပျော်ဆုံးသူမို့
သခင်ရယ်.........
မင်းပြုံးလှည့်ဦး............။